ကွမ်းခြံကုန်းပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုပွဲကျင်းပ

ကွမ်းခြံကုန်း၊ မေ ၂၁

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးတွင် ယမန်နေ့နံနက် ၈ နာရီက ယခုနှစ် ရန်ကုန်တောင်ပိုင်း ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တံခွန်စိုက်ဆုနှင့် ပထမဆုဖလားများ ရယူပေးခဲ့သော မြို့နယ်ဂုဏ်ဆောင်ပိုက်ကျော်ခြင်း (အမျိုးသား / အမျိုးသမီး) အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကွမ်းခြံကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်လင်းကလည်း မြို့နယ်ဂုဏ်ဆောင်အားကစားသမားများကို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အားကစားသမားတစ်ဦးချင်းစီကို တာဝန်ရှိသူအသီးသီးမှ အားကစားဝတ်စုံနှင့် ဂုဏ်ပြုဆုငွေများ ဆက်လက်ပေးအပ်ခဲ့သည်။

ထို့နောက် အသင်းနည်းပြချုပ်ဦးစိုးစံက အခမ်းအနားကျင်းပပေးသော ပြည်ခိုင်ဖြိုးပါတီအား ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားပေးခဲ့ပြီး အခမ်းအနားကို နံနက် ၉ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

သူရအောင်(ပျော်ဘွယ်ကြီး)