ညောင်ဦးမြို့နယ် ညောင်လှရွာ လေဘေးသင့်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်ကူညီထောက်ပံ့

 

ညောင်ဦးမြို့နယ် တောင်ဇင်း အုပ်စု ညောင်လှကျေးရွာ လေဘေး သင့်ပြည်သူများအား ပြည်ခိုင်ဖြိုး ပါတီမှ ယနေ့ နံနက် ၉ နာရီတွင် လှူဒါန်းဖွယ်ရာများကိုသွားရောက် ကူညီထောက်ပံ့ခဲ့ကြောင်း သိရ သည်။

အဆိုပါကျေးရွာသို့ ယမန် နေ့ ညနေ ၆ နာရီခန့်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတ် ပြီး ဦးစန်းအောင်အိမ် အမိုးလန် ပြုတ်ထွက်သွားပြီး၊ ဦးကျော်လင်း အိမ်ခေါင်မိုးပေါ်သို့ ထန်းပင်လယ် သီးပြုတ်ကျခဲ့ရာ နေအိမ်နှစ်လုံး ဆုံးရှုံးခဲ့သည်။ ထိုသို့ ပျက်စီးဆုံးရှုံး ခဲ့သော အိမ်ထောင်စု နှစ်စုအား မန္တလေးတိုင်းဒေသကြီးပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်း ဒေသကြီးကော်မတီဝင် ညောင်ဦး ခရိုင် နယ်မြေတာဝန်ခံ ဦးသန်းဌေး မှ ငွေသားကျပ် နှစ်သောင်း၊ ညောင်ဦးခရိုင်ဥက္ကဋ္ဌ ဦးညွန့်ဝင်း နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဌေးတို့ ကစားသောက်ဖွယ်ရာများ၊ အဝတ် အစားမျိုးစုံနှင့် လူသုံးကုန်ပစ္စည်း တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လေဘေးသင့် ပြည်သူများမှာ ဦးစန်းအောင်အိမ်မှအိမ်ထောင်စုဝင် ငါးဦး၊ဦးကျော်လင်းအိမ်မှ မိသားစု ဝင်သုံးဦး စုစုပေါင်း မိသားစုဝင် ရှစ်ဦးတို့ကို ထောက်ပံ့ပေးအပ်ပြီး အားပေးစကား ပြောကြားပေးခဲ့ ကြောင်း သိရသည်။

ကျော်ဌေး(ညောင်ဦး)