တရုတ်ဒုသမ္မတ ဝမ်ကီရှန်း ရုရှားနှင့် ဘီလာရုစ်နိုင်ငံသို့ သွားမည်

ဩဇာကြီးသော တရုတ်ဒုတိယသမ္မတသစ် ဝမ်ကီရှန်း သည် ယခုသီတင်းပတ်အတွင်း ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက မေလ ၂၁ ရက်တွင် ပြောကြားပြီး ၎င်းသည် မတ်လကဒုတိယသမ္မတအဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြည်ပ ခရီးစဉ် ဖြစ်သည်။
သမ္မတစီကျင်းပင်၏ အဓိကမဟာမိတ် မစ္စတာဝမ်သည် ပြီးခဲ့သည့်နှစ်က အာဏာရကွန်မြူနစ်ပါတီ ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲအတွင်း အနားယူသင့်သော်လည်း စီကျင်းပင်က တရုတ်သံတမန် ဆက်ဆံရေးတွင် ထပ်ဆောင်းဩဇာလွှမ်းမိုးရန် ၎င်းကို ဆက်လက်ထားရှိသည်။

မေလ ၂၄ ရက်မှ ၂၉ ရက် အထိ ကြာမြင့်မည့် ယင်းခရီးစဉ်တွင် ဝမ်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် ဖိုရမ်သို့ တက်ရောက်ပြီး ဘီလာရုစ်သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျူကောင်း က နေ့စဉ်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဘီလာရုစ်သို့ ရောက်ရှိစဉ် ဝမ်သည် စီကျင်းပင် ကြီးကြပ်ဦးဆောင်သော ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ကြောင်း’ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သည့် စီမံကိန်းတစ်ခုကို လမ်းညွှန်မည်ဖြစ်ကြောင်း လျူကောင်းက ထပ်လောင်း ပြောကြားသည်။

တရုတ်သည် ရုရှား၊ ဘီလာရုစ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသော်လည်း ဝမ်သည် မကြာမီ အမေရိကန်နိုင်ငံသို့ သွားရောက်ဖွယ်ရှိသည်။

—Ref: Reuters