မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ပြည်သူများနှင် Door to Door တွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီဝင်များကူညီဆောင်ရွက်

 

မြင်းခြံ အောက်တိုဘာ ၂၉

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များနေထိုင်ရာ သပြေသာကျေးရွာ နှင့်ကျွန်းဦးကျေးရွာများသို့ ပြည်ခိုင် ဖြိုးပါတီဝင်များသည် ယမန်နေ့က တစ်အိမ်တက်ဆင်း (Door to Door) သွားရောက်ကာ ပြည်သူ များနှင့်တွေ့ဆုံမှုများ ဆောင်ရွက် ခဲ့ကြသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့် မြင်းခြံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ သန်းဝင်းအတွက် ပြည်ခိုင်ဖြိုးပါတီ ဝင်များနှင့် လူငယ်အဖွဲ့များသည် ရွေးကောက်ပွဲတွင် မဲပေးရာ၌မဲပေး မမှားစေရန်နှင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူများ အကျိုးသယ်ပိုးထမ်း ဆောင်သွားမည့်အကြောင်း စသည် တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ ပြည်သူနှင့်တွေ့ဆုံခြင်း လုပ်ငန်းများအား မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါက်တာသန်းဝင်းနှင့်အတူ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီးပါတီကော်မတီ ဝင်များဖြစ်ကြသောဒေါ်သိင်္ဂီအောင် နှင့် ဒေါ်သန်းသန်းအေး ဦးဆောင် သောတိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင် များနှင့်သီဟသွေးလူငယ်အဖွဲ့များ က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)