မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီပါတီဝင်ကြေးနှစ်စဉ်ကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်ကြေး၊ ပါတီနှစ်စဉ်ကြေးပေးအပ်ပွဲအခမ်း အနားကို မြောက်ဥက္ကလာပမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ယမန် နေ့ကကျင်းပရာ အခမ်းအနားသို့ တိုင်းပါတီနာယက ဦးမြင့်ဟန်၊ တိုင်းပါတီကော်မတီမှဗဟိုကော်မတီဝင်ဦးတင်အောင်၊ အရှေ့ပိုင်း ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးကျော်စိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဝင်းကြိုင်၊ ပါတီဘဏ္ဍာရေးမှူး ဦးသန်းထိုက်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ (၁၉)ရပ်ကွက်ရှိ ပါတီခေါင်းဆောင်များအင်အား ၁ဝဝ ကျော်တက်ရောက်ကြသည်။

မြောက်ဥက္ကလာပမြို့နယ်(၁၉)ရပ်ကွက်အတွင်းရှိ ပါတီဝင်များ အား ပါတီဝင်စိစစ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးမြောက်၍ ပါတီဝင် ကြေး၊နှစ်စဉ်ကြေးကောက်ခံရရှိငွေကျပ် ၁၃၄ဝဝဝဝကို မြို့နယ် ပါတီ ကော်မတီစည်းရုံးရေးရာ တာဝန်ခံဦးအေးမင်းဇော်နှင့် (၁၉)ရပ်ကွက် ပါတီကော်မတီများကိုယ်စား(ဆ)ရပ်ကွက်စည်းရုံးရေးမှူးဦးသန်းအောင် တို့က မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်အား လွှဲပြောင်ပေးအပ်ပြီး အခမ်းအနားကို ညနေ ၄နာရီတွင် အောင်မြင်စွာပြီးမြောက်ကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)