ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ သွားရောက် ပေးအပ်လှူဒါန်းခြင်း

လွိုင်ကော် – စက်တင်ဘာလ ၂၁

(၂၁-၉-၂၀၁၈) ရက်နေ့ နံနက် (၉း၃၀) နာရီအချိန် လွိုင်ကော်မြို့ ချိကယ် အထက(ခွဲ)ကျောင်းသို့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ပါသည်။
ယင်းအခမ်းအနားတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်မှ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားအတွက် ချိကယ် အထက (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေးအေးမိုးထံသို့အလှူငွေ ကျပ်တစ်သိန်းတိတိ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ယင်းအခမ်းအနားသို့ ကယားပြည်နယ် ပညာရေးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးစောအယ်ဒိုဝါး၊ မြို့နယ်ပညာရေးမှူး ဦးစောထွန်းလှအေး၊ ချိကယ် အထက ( ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအေးအေးမိုးနှင့် ဆရာ/ဆရာမများ ဖိတ်ကြားထားသော ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ပြည်ခိုင်ဖြိုးပါတီ (ဗဟိုအလုပ်အမှု ဆောင်) ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးပိုးရယ်အောင်သိန်း(ကျောင်းအကျိုးတော်ဆောင်နာယက)၊ ဗဟိုကော်မတီဝင် ဦးလူရယ်ဖိုးလူ(မိဘဆရာအ သင်းနာယက)၊ ပြည်နယ်ပါတီ နာယက ဦးခီးရယ် (ကျောင်းအကျိုးတော်ဆောင်နာယက)၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ ပြည်နယ်အရံကော်မတီဝင် ဦးရှားရယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကျောင်းသားမိဘများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြောင်းနှင့် နှစ်ပတ်လည်အစည်းအဝေးအပြီး နေ့လည်ပိုင်းတွင် တာဝန်ရှိသူ အသီးသီးက ထူးချွန်ကျောင်းသူ/သားများအား ဆုချီးမြှင့်ပြီး ချိကယ် အထက (ခွဲ) ကျောင်းသူ/သားများက တိုင်းရင်းသား ရိုးရာအကများဖြင့် ဆက်လက် ဖျော်ဖြေတင်ဆက်ကပြကြောင်း သတင်းရရှိ သည်။

မမောင် မမောင်