ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌဦးသန်း​ဌေး ​ဆောမြို့နယ်​ ပြည်​ခိုင်​ ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ

 

အောက်​တိုဘာ ၃ ၊​ဆော

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း 
ဌေးသည်​ အောက်တိုဘာ ၂ ရက် ည​နေ၃နာရီက ​ဆောမြို့နယ်​ပါတီရုံးတွင်​ ​မ​ကွေးတိုင်း​ဒေသကြီး၊ဂန့်​​ဂေါခရိုင်​၊​ဆောမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​များနှင့်​​တွေ့ဆုံ၍ အမှာစကား ​ပြောကြားခဲ့သည်​။

ထို့​နောက်​ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများက လိုအပ်​သည်​များ တင်​ပြလာမှု​အ​ပေါ် ပါတီဥက္ကဋ္ဌဦးသန်း​ဌေးမှ ​ပေါင်းစပ်​ညှိနှိုင်း​ဆောင်​ရွက်​​ပေးခဲ့သည်​။

ထိုသို့​တွေ့ဆုံရာသို့ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အတူပါတီအ​ထွေ​ထွေအတွင်း​ရေးမှူးဦး သက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သောဦးဝဏ္ဏ​မောင်​လွင်​၊ဦး​သောင်း​အေး၊ဦး​အောင်​တင်​မြင့်​၊ချင်းပြည်​နယ်​ပါတီဥက္ကဋ္ဌ​​ဒေါက်​တာမူထန်​၊ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ခရိုင်​ပါတီဥက္ကဋ္ဌနှင်​ခရိုင်​ပါတီ​ကော်​တီဝင်​များ၊​ဆောမြို့နယ်​ပါတီဥက္ကဋ္ဌ နှင့်​မြို့နယ်​ပါတီ​ ကော်​မတီဝင်​များနှင့်​ပါတီဝင်​များ အပါအဝင်​ စုစု​ပေါင်း(၁၀၀)ခန့်​တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။