ခရိုင်/မြို့နယ်/ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကျောက်တံတားမြို့နယ် ပါတီရုံး၌ မေလ (၁၄) ရက် မွန်းလွဲ ၃ နာရီတွင် ခရိုင်/မြို့နယ်/ရပ်ကွက် ကော်မတီဝင်များ တွေ့ဆုံပွဲကို ကျင်းပခဲ့ရာ အနောက်ပိုင်းခရိုင်ပါတီ ကော်မတီဝင် (မြို့နယ်တာဝန်ခံ) ဒေါ်စန်းစန်းဝင်း(၂)နှင့် မြို့နယ် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး မြို့နယ် ကော်မတီဝင်များ၊ မြို့နယ်အရန ကော်မတီဝင်များ၊ ရပ်ကွက်ကော်မတီဝင်များ တက်ရောက်သည်။

အစီအစဉ်အရ ခရိုင်ပါတီကော်မတီဝင် (မြို့နယ်တာဝန်ခံ) ဒေါ်စန်းစန်းဝင်း (၂)က ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ပါတီဝင်စိစစ်ထားရှိမှု နှစ်စဉ်ကြေးကောက်ခံရရှိမှု ပါတီဝင် အသစ်များ ထပ်မံစည်းရုံးထားရေး တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးသိန်းက ပါတီဝင်အင်အား စိစစ်ထားရှိမှု နှစ်စဉ်ကြေး ကောက်ခံထားရှိမှု ပါတီဝင်အသစ်များ စည်းရုံးထားရှိမှုများနှင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင် ရန်ရှိသည်များကို ဆွေးနွေးတင်ပြပြီး တက်ရောက် လာကြသော မြို့နယ်/ရပ်ကွက်ကော်မတီဝင်များက ရပ်ကွက် များအတွင်း လုပ်ဆောင်နေမှုများ ဆက်လက်လုပ်ဆောင်နေမှုများ၊ သိရှိလိုသည်များကို အကျယ်တဝင့် ဆွေးနွေးကြပြီး တွေ့ဆုံပွဲကို ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူ(ကျောက်တံတား)