ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာအကျိုးပြု လုပ်ငန်းများဆောင်ရွက်

 

စက်တင်ဘာ၂၃

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယနေ့တွင် ပီလခက်ကျေးရွာ ပါတီဥက္ကဌ ဦးမျိုးခိုင် ဦးဆောင်၍ ကျေးရွာ ပါတီကော်မတီဝင်များ ပြည်ခိုင်ဖြိုးပါတီ ၀န်းရံသူ ကျေးရွာသူ/သားများမှ ကျေးရွာအတွင် covid 19 ကြိုတင် ကာကွယ်သော အားဖြင့် ဆေးများပက်ဖျန်းခြင်း၊ ကျေးရွာအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကျော်ဌေး (ကျောက်တန်း)

မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

 

တောင်ညွန့် ။ ။ စက်တင်ဘာ(၂၂)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန်ု့မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါမှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus (Covid-19)ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ယနေ့ နေ့လည်ပိုင်းတွင် သပြေကုန်းရပ်ကွက် ၊ ရေတွင်းကုန်းရပ်ကွက် တို့တွင်ဆောင်ရွက်ခဲ့ပါသည်။

ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပုံပါ ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ

 

စက်တင်ဘာ ၂၀၂၀

ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင်  ကျောက်တန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများပုံပါ ဗီနိုင်းဆိုင်းဘုတ်များ ကျေးရွာများတွင် ကျေးရွာပါတီ ကော်မတီဝင်များမှ စိုက်ထူခဲ့ကြပါသည်။ စိုက်ထူခဲ့သောကျေးရွာများမှာ ဝင်းကြီးကျေးရွာ၊ ကဒပ္ပနကျေးရွာ ၊ ဇီးဖြူပင်ကျေးရွာ၊ တာပကျေးရွာ၊ စင်မကော်ကျေးရွာ၊ ပန်းချောင်းကျေးရွာ၊ မရမ်းဘေးကျေးရွာ၊ အဝကောက် ကျေးရွာ၊ ပုတ္တလုတ်ကျေးရွာ၊ စစ်တန်းကျေးရွာ ၊ တမံကြီးကုန်းကျေးရွာ၊ တူးမြောင်းကျေးရွာ၊ အောင်ချမ်း သာကျေးရွာ၊ ရှမ်းချောင်းကျေးရွာ၊ စစ်တပင်ကျေးရွာ၊ မြကိုင်းကျေးရွာ၊ ခနောင်ကျေးရွာ၊ ဘိုးဘကျေးရွာ၊ နရွဲချောင်ကျေးရွာ၊ မင်္ဂလွန်းကျေးရွာ၊ ကမာကလုတ်ကျေးရွာ၊ ကုလားတန်းကျေးရွာ၊ အစရှိသော ကျေးရွာများတွင် စိုက်ထူခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်းများ လာရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် Coronavirus Disease 2019 (Covid-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဖွင့်လှစ်ထားသော တိုက်ကြီး (အထက) Quarantine Center သို့ ယမန်နေ့ နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်း ၁၅ ဘူးလာ ရောက်လှူဒါန်းရာ Quarantine Center ကြီးကြပ်ရေးအဖွဲ့ဝင် မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းဟန်က အဆိုပါ လှူဒါန်းမှုကို လက်ခံရယူခဲ့သည်။

ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးအလံ လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်စိုက်ထူ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီသည် ဘောလည်ကျွန်းဒေသ ကျူတောကျေး ရွာလမ်းဆုံတွင် ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် မင်္ဂလာအချိန်တွင် အောင်သပြေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ဆိုင်းဘုတ်တင်ခြင်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ခဲ့ကြောင်းသိရသည်။ အဆိုပါဆိုင်း ဘုတ်တင်အောင်နိုင်ရေးအလံစိုက် ထူသည့်နေရာသို့ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ကျေးရွာရှိ ပါတီ ဥက္ကဋ္ဌများနှင့်ပါတီဝင်များ လာရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက် ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အချက်အချာကျသည့် နေရာများတွင် စိုက်ထူခဲ့ကြသည်။

သန်လျင်တွင် ပြည်ခိုင်ဖြိုးပါတီမှ Face Mask များဝေဌ

 

သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ Volunteers၊ လူငယ်များ ပါဝင်သောအဖွဲ့မှ သန်လျင်မြို့မဈေးကြီးနှင့် အောင်ချမ်းသာဈေး၊ မှတ်တိုင်များ၌ စက်တင်ဘာ ၁၆ ရက်မှစ၍ နံနက်ပိုင်းက ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေး ဝယ်ပြည်သူများအား Face Mask များ ဝေငှသည်။

တင်မောင်ငွေ(သန်လျင်)


ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဘောလည်ကျွန်းဒေသ ရပ်မိရပ်ဖများနှင့် ပါတီဝင်များအား တွေ့ဆုံ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် လွတှ်တော်ကိုယ်စားလှယ်များဖြစ်သော ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ညွန့်ပေါင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာ၊ ကမြိုင်ကျေးရွာအုပ်စု ညောင်လေး ပင် ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံပါတီဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပါတီဝင်များ နေအိမ်၌ တွေ့ဆုံ မိတ်ဆက်ကြကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဆိုင်းဘုတ်များ မြို့နယ်အတွင်း လူစည်ကားသည့် နေရာများတွင် စိုက်ထူ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဗီနိုင်း ဆိုင်းဘုတ်တင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကစတင်ကာ မြို့နယ်ပါတီ ရုံးရှေ့မှစတင်၍ မြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီရုံးရှေ့၌ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်တွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒေါ်စုစုလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) ဦးဇင်မင်းထွန်းနှင့် ပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးရုံး အဖွဲ့များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။