ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဘောလည်ကျွန်းဒေသ ရပ်မိရပ်ဖများနှင့် ပါတီဝင်များအား တွေ့ဆုံ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် လွတှ်တော်ကိုယ်စားလှယ်များဖြစ်သော ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် ညွန့်ပေါင်းကျေးရွာအုပ်စု ကြို့ပင်ဝိုင်းကျေးရွာ၊ ကမြိုင်ကျေးရွာအုပ်စု ညောင်လေး ပင် ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ဒေသခံပါတီဝင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပါတီဝင်များ နေအိမ်၌ တွေ့ဆုံ မိတ်ဆက်ကြကြောင်း သိရသည်။

ဆက်လက်၍ဒေသခံများ၊ ပါတီဝင်များအား ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာများ၊ ပါတီအောင်နိုင်ရေး၊ ပါတီစည်းရုံးရေး လုပ်ငန်းများဆွေးနွေး ပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများ ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲနေရာသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီ ဝင်များ လိုက်ပါခဲ့ကြောင်း သိရသည်။

ဇော်သိန်း (ထန်းတပင်)