ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရွေးကောက် ပွဲအောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်များကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ မြို့နယ်အတွင်းရှိ အချက်အချာကျသည့် နေရာများတွင် စိုက်ထူခဲ့ကြသည်။

အဆိုပါ အောင်နိုင်ရေး ဗီနိုင်းဆိုင်းဘုတ်တွင် မြို့နယ်မဲဆန္ဒနယ်မြေအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ရွေးချယ်ခံ မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဒေါ်ဇာခြည်လင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာ ရွှေပြည်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော မဲဆန္ဒနယ် (၁) မှ ဦးထွန်းလွင်၊ မဲဆန္ဒနယ် (၂) မှ ဒေါ်ဝင်းဝင်းအောင်တို့ပုံပါ (ဂပေx ၅ပေ) အောင်နိုင်ရေး ဆိုင်းဘုတ်များစိုက် ထူရာတွင် လွတှ်တော်အသီးသီးတွင် ဝင်ရောက်ရွေးချယ်ခံကြမည့် ပါတီကိုယ်စား လှယ်လောင်းများနှင့် မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၊ ပါတီအတွင်းရေးမှူး ဦးကျော်ထင်တို့က ဆိုင်းဘုတ်များအား အမွှေးနံ့သာ ရည်များ လိုက်လံပက်ဖျန်းပေး ခဲ့ကြသည်။ ဆက်လက်၍ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်များအား မြို့နယ်အတွင်း အချက်အချာကြသည့် နေရာများတွင် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များက မဲဆန္ဒ နယ်မြေရပ်ကွက် စုရပ် ၁၈ နေရာတွင် စောင့်ဆိုင်းကာ ပါဝင်စိုက်ထူခဲ့ကြကြောင်း သိရသည်။

တင်ဆန်းအောင်(မ/ဒဂုံ)