ဂါရတ်ဘေးလ်ကို အငှားနဲ့ ပြန်ခေါ်တဲ့ တော့တင်ဟမ်

စပါးအသင်းသည် ရီးရဲလ် မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်အား အငှားခေါ်ယူမှု အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုချက်ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်သည်။ ဂါရတ်ဘေးလ်အားခေါ် ယူရန်ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်မှလည်း သဘောတူညီထားပြီးဖြစ်သော်လည်း လ စာကိစ္စညှိနှိုင်းမှုနှင့် ဆေးစစ်မှု အပြီးသတ်နိုင်ရန် အချိန်စောင့်ခဲ့ရ ခြင်းဖြစ်သည်။

ဂါရတ်ဘေးလ်က‘‘ဒီမှာ ကျွန်တော့်ရဲ့ နာမည်ကိုတည်ဆောက်နိုင်ခဲ့သလို ကျွန်တော့်အတွက်လည်း ထူးခြားတဲ့ ကလပ်အသင်း ဖြစ်လို့ ဒီကိုပြန်ရောက်လာရတဲ့ အတွက်ကျေနပ်မိပါတယ်။ ဒီမှာ အသင်းကိုကူညီပြီး ဆုဖလားတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ပါတယ်’’ ဟု စာချုပ် ချုပ်ဆိုမှုအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စပါးသည် ဂါရတ်ဘေးလ် အား တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ယခုလ အစောပိုင်းတွင် ဝေးလ် လက်ရွေးစင်အသင်းအတွက်ပါ ဝင်ကစားပေးခဲ့စဉ် ဒူးဒဏ်ရာရရှိခဲ့ခြင်းကြောင့် အဆိုပါ ဒဏ်ရာမှ ပြန်ကောင်းလာချိန်အထိ စပါးအသင်း စောင့်ဆိုင်းရမည်ဖြစ်သည်။ ၄င်းသည် ရီးရဲလ်မက်ဒရစ်၌ ခုနစ်နှစ်ကြာ ပါဝင်ကစားခဲ့ပြီး အောင်မြင်မှု များစွာရခဲ့သူဖြစ်သည်။ လာလီဂါ၌ ဂိုးအများဆုံးသွင်းနိုင်ခဲ့သော ဗြိတိန် ကစားသမားအဖြစ်လည်း သွင်းဂိုး ၈၀ ဖြင့် မှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်သည်။     Ref; Skysport