မိုးကောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်

 

မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝနာရီက မြို့သစ်ကြီးကျေးရွာသို့ သွား       ရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။

စက်တင်ဘာ တတိယပတ်အတွင်း ကျေးရွာနှင့်ခုနစ်မိုင်ခန့်အကွာ ဒေသအခေါ် နမ်းခမ်းကွင်းသို့ ခင်ပွန်းဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက်ရှာ မျှစ်ချိုးထွက်ရင်း မြေမြှုပ်မိုင်းနင်းမိ၍ မြစ်ကြီးနား မြို့ရှိ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီး၌ ဝဲဘက်ခြေထောက် ဒူးဆစ်အောက်ပို င်းဖြတ်တောက် ကုသမှုခံယူခဲ့ရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်ခင်မာလာ (ခ)ဒေါ်ချိုသဲ(၃၂နှစ်) အား တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေ ပေးအပ် ခဲ့ ခြင်းဖြစ်သည်။ မြို့နယ်ပါတီ၏ ထောက်ပံ့ငွေကျပ် ၅ဝဝဝဝ၊ မြို့နယ် ပါတီကော်မတီ အတွင်းရေးမှူး၏ ထောက်ပံ့ငွေကျပ်၁ဝဝဝဝ၊ မြို့နယ် ပါတီကော်မတီဝင် ဦးစိုးနွယ်နှင့် ဒေါ်လီလီဆွေတို့၏ ထောက်ပံ့ ငွေကျပ် ၅ဝဝဝစီတို့ကို မိုင်းထိလူနာဒေါ်ခင်မာလာ (ခ)ဒေါ်ချိုသဲ ထံ ပေးအပ်ခဲ့ကြသည်။

အလားတူ မြို့နယ်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ) ဦးဝင်းကို နှင့်အဖွဲ့က မြို့နယ်ပါတီ ကိုယ်စား ငွေကျပ် ၃ဝဝဝဝကို မြစ်ကြီးနား မြို့ရှိ ပြည်နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေစဉ် သီးခြားပေးအပ်ထောက်ပံ့ခဲ့ကြောင်း မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းကပြောသည်။

EPN