မင်္ဂလာတောင်ညွန့် ပြည်ခိုင်ဖြိုးပါတီ မှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

 

တောင်ညွန့် ။ ။ စက်တင်ဘာ(၂၂)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန်ု့မြို့နယ် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါမှ မြို့နယ်တွင်းရှိ ရပ်ကွက်များအား Coronavirus (Covid-19)ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ယနေ့ နေ့လည်ပိုင်းတွင် သပြေကုန်းရပ်ကွက် ၊ ရေတွင်းကုန်းရပ်ကွက် တို့တွင်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဆောင်ရွက်မှုများကို မြို့နယ်ပါတီဥက္ကဌ ဦးဝင်းလှိုင်၏ လမ်းညွှန်မှုဖြင့် အတွင်းရေးမှုး ဦးတင်ရှိန်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း မြို့နယ်ပါတီဘဏ္ဏာရေးမှုး ဒေါ်နှင်းအိအိခင်၊ မြို့နယ် ကော်မတီဝင် ဒေါ်စန်းကြည်နှင့် ပါတီဝင်လူငယ်များဖြင့်ဆောင်ရွက်ခဲ့ပါသည်။

စေတနာရှင်ပြည်သူများမှ ပိုးသတ်ဆေးဖြန်ပေးသော ပြည်ခိုင်ဖြိုးအဖွဲ့သားများကို အအေးနှင်းရေသန့်များ လာရောက်  လှုဒါန်းခဲ့မှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။

bobo(ygn)