ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်းများ လာရောက်လှူဒါန်း

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် Coronavirus Disease 2019 (Covid-19) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဖွင့်လှစ်ထားသော တိုက်ကြီး (အထက) Quarantine Center သို့ ယမန်နေ့ နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့မှ နှာခေါင်းစည်း ၁၅ ဘူးလာ ရောက်လှူဒါန်းရာ Quarantine Center ကြီးကြပ်ရေးအဖွဲ့ဝင် မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းဟန်က အဆိုပါ လှူဒါန်းမှုကို လက်ခံရယူခဲ့သည်။

ထွန်းလှိုင်(မြိုင်)