ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပ

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီရုံးရှေ့၌ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်တွင် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ဒေါ်စုစုလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) ဦးဇင်မင်းထွန်းနှင့် ပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးရုံး အဖွဲ့များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။