ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပေါက်ခေါင်းမြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၆

ပဲခူးတိုင်းဒေသကြီးသို့ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီ အချိန်၌ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းရှိ ပေါက်ခေါင်းမြို့နယ် ပါတီရုံးခန်းမ၌ ပေါက်ခေါင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။

တိုင်းဒေသကြီးပါတီ ကော်မတီဝင် ပါတီဆိုင်းဘုတ်တင်ပွဲသို့ တက်ရောက်ဖွင့်လှစ်

 

ဇီးကုန်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာတွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်းဘုတ်သစ်တင် အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်မင်းထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်လင်းထွန်း၊ နယ်မြေတာဝန်ခံ ဦးကျော်ကျော်ဦး နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက် ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၅ ရက်နေ့ ညနေ ၃နာရီခွဲ အချိန်၌ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ဒိုက်ဦးမြို့နယ်ပါတီရုံး ခန်းမ၌ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး သနပ်ပင်မြို့နယ်ရှိ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ သနပ်ပင်မြို့နယ် ပါတီရုံးခန်းမ၌ သနပ်ပင်မြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲသို့ တက်ရောက် ကာ အမှာစကား ပြောကြားခဲ့သည်။

နတ်တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လေဘေးသင့် ပြည်သူများအား ဆန်ထောက်ပံ့လှူဒါန်း

 

နတ်တလင်း မေ ၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် သာဇီရပ်ကွက် တံခွန်တိုင်မြို့သစ် ပိတောက်ရွှေဝါ လမ်းသွယ် (၂) နေရာအိမ်မှူး ဦးမြင့်စိုး နေအိမ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ လေဘေးသင့် ပြည်သူများအား ဆန်ထောက်ပံ့ လှူဒါန်းမှုပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြစိုး၊ အတွင်းရေးမှူး ဦးကျော်မင်းထွဋ်နှင့် ပါတီကော်မတီဝင်များက လေဘေးဒဏ်ခံရသော မိသားစု အိမ်ထောင်စု ၆ဝ အတွက် ရွှေသွယ်ဆန် တစ်အိတ်လျှင် ငွေကျပ် ၂၂၅ဝဝ ဖြင့် စုစုပေါင်း ငါးအိတ် တန်ဖိုးငွေကျပ် ၁၁၂၅ဝဝ ဖြစ်ပြီး တစ်အိမ်ထောင်လျှင် ဆန်နှစ်ပြည်နှုန်းဖြင့် ထောက်ပံ့လှူဒါန်း ပေးကြောင်း သိရသည်။   မိုးကြီး(နတ်တလင်း)

ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ကျင်းပ

 

ပေါင်းတည် မေ ၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် ကျင်းပမြဲဖြစ်သော လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ် ပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

သနပ်ပင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

သနပ်ပင် မေ ၉

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် လွမ်းပြေကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ရန်ကုန် မေ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဆင်နင်းပင်အုပ်စု ဆင်နင်းပင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးကျော်စီနေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်ခိုင်ဖြိုးပါတီဝင်များ ဂုဏ်ပြုကြိုဆို

 

မင်းလှ မေ ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် လက်ဆက်အုပ်စု စိန်ကန့်လန့်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ ပြန်လည်ရောက်ရှိ လာခြင်းအား ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းတို့က ဂုဏ်ပြုကြိုဆိုခြင်းများ ပြုလုပ်ကြသည်။