သနပ်ပင်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

သနပ်ပင် မေ ၉

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ် လွမ်းပြေကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းစိုး၏ နေအိမ်ခြံဝင်း အတွင်း၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်း၊ နယ်မြေတာဝန်ခံ ဦးဝင်းဇော်နှင့် မြို့နယ်ကော်မတီဝင် များ၊ လူငယ်ရေးရာအဖွဲ့များ၊ ကျေးရွာပါတီဥက္ကဋ္ဌ ဦးသန်းစိုးနှင့် ကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ပါတီဝင်များ စုံညီစွာတက်ရောက်ကြပြီး မင်္ဂလာအချိန်တွင် ပါတီဆိုင်းဘုတ်ကို သနပ်ပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

တင်မျိုးဝင်း(သနပ်ပင်