သာယာဝတီခရိုင် ကိုယ်စားပြု လူရည်ချွန်မောင်မယ် နှစ်ဦးအား ပြည်ခိုင်ဖြိုးပါတီ ကြိုဆိုဂုဏ်ပြု

 

ပဲခူး မေ ၆

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့မအထကကျောင်းမှ သာယာဝတီ ခရိုင်ကိုယ်စားပြု လူရည်ချွန်မောင်မယ် နှစ်ဦးအား မြို့နယ်ပြည်ခိုင်ဖြိုး ပါတီက ဂုဏ်ပြုကြိုဆို ခဲ့ကြောင်း သိရသည်။ နှစ်ထပ်ကွမ်းလူရည်ချွန် မခင်ဝတ်မှုံဖြိုးသည် သင်္ချာအိုလံပစ်ပြိုင်ပွဲ၊ မြန်မာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲတွင် တိုင်းအဆင့်၊ ဗဟိုအဆင့်များရရှိခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် (၆) ကြိမ်မြောက် သာယာ ဝတီခရိုင် ကိုယ်စားပြု နဝမတန်း လူရည် ချွန်၊ ၂ဝ၁၉ ခုနှစ်တွင် ဒသမတန်းကို ခရိုင် ကိုယ်စားပြု နှစ်ထပ်ကွမ်း လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ မောင်ညဏ်လင်းအောင်သည် သာယာဝတီခရိုင် ကိုယ်စားပြု အဋ္ဌမတန်း လူရည်ချွန်အဖြစ် ရွေး ချယ်ခံရသူ ဖြစ်သည်။

သာယာဝတီခရိုင် ကိုယ်စားပြု လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသော မခင်ဝတ်မှုံဖြိုးနှင့် မောင်ညဏ်လင်းအောင် တို့သည် မြို့မအထကမှ ကျောင်းသားကျောင်းသူ များဖြစ်သည်။ ၄င်းတို့ သကဲ့သို့ အနာဂတ်တွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တွင် သာမကနိုင်ငံ့ ဂုဏ်ဆောင်နိုင်သော လူတော်လူကောင်း လူရည်ချွန်များ ဖြစ်လာစေရန်၊ အားကျ အတုယူလိုစိတ်များ ပေါက်ဖွားလာစေရန် မြို့နယ်ပညာရေး ဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် အခြားလူမှုရေး အဖွဲ့အစည်းများက အားပါးတရ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ မြို့နယ် ပြည်ခိုင်ဖြိုးရုံးရှေ့တွင် တိုင်းဒေသကြီးပါတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ပါတီဝင် ဦးကျော်မင်းထွန်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်နှင်းအိအိဝင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်လင်းထွန်းနှင့် မြို့နယ်ကော်မတီများက ပန်းကုံးစွပ်ကာ ကြိုဆိုခဲ့ကြသည်။  စိုးသစ္စာ