ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းစစ်တောင်းမြစ်ကမ်းပါးရှိ ရေဘေးသင့်ရွာများသို့ သွားရောက်လှူဒါန်း

 

ဖြူး စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီးဖြူးမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးကိုကိုကျော် (ဒုတိယဗိုလ်မှူးကြီး-ငြိမ်း)နှင့် ဇနီးဒေါ်မြင့် မြင့်ထွဏ်းတို့က မတည်၍ ပါတီဝင်များ၏ ထည့်ဝင်လှူဒါန်းငွေများစု ပေါင်းကာ ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေဘေးဒုက္ခခံစားနေကြရသော သစ်ခြောက်ခင်ကျေးရွာအုပ်စု ကမ်းနား မြိုင်ရွာနှင့် ရှားပင်ရှောင်ကျေးရွာတို့မှ အိမ်ခြေ ၁ဝဝကျော်တို့အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် ကျန်းမာရေးအတွက် ဆေးဝါးများကို ဖြူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် မြို့နယ်အမှုဆောင်များ၊ ဒေသတာဝန်ခံများ၊ ပါတီဝင်လူငယ်များ အဖွဲ့က ယခုလ ၃ ရက် နံနက်တွင် မိသားစုများလက်ဝယ်အရောက် သွားရောက်လှူဒါန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျော်ဆွေဝင်း(ရွှေအင်း)