အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်ခိုင်ဖြိုးပါတီဝင်များ ဂုဏ်ပြုကြိုဆို

 

မင်းလှ မေ ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် လက်ဆက်အုပ်စု စိန်ကန့်လန့်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများ ပြန်လည်ရောက်ရှိ လာခြင်းအား ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတ အသင်းတို့က ဂုဏ်ပြုကြိုဆိုခြင်းများ ပြုလုပ်ကြသည်။

တပ်မ (၆၆) လက်အောက်ခံ စိန်ကန့်လန့် အမှတ် (၁) ခြေလျင်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ ဦးဆောင်ပြီး တိုက်ပွဲဝင် ၁၂၆ ဦးတို့က လောက်ကိုင်ဒေသတွင် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီး နောက်တန်း ဌာနချုပ်သို့ ပြန်လည်ဝင်ရောက်လာသော အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများကို ပြည်ခိုင်ဖြိုးခရိုင် ကော်မတီဝင် ဦးထက်ဝင်း၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမင်းလှိုင်နှင့် လူငယ်အဖွဲ့ဝင်များ၊ အမျိုးသမီး အဖွဲ့ဝင်များ၊ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ဦးဆောင်ကော်မတီဝင် ဦးဇော်ဝေလင်းနှင့် ဦးမျိုးဇော်ဌေး တို့က အောင်သပြေပန်းများဖြင့် ကြိုဆိုခြင်း၊ ပန်းကုံးများစွပ်ခြင်း၊ ချီးကျူးအားပေး စကားများ ပြောကြားခြင်းတို့ဖြင့် ပျော်ရွှင်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။ပေါက်စ