ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး ကျင်းပ

 

ပေါင်းတည် မေ ၉

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် ကျင်းပမြဲဖြစ်သော လပတ်အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ မြို့နယ် ပါတီရုံး ခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ဒေါ်ထားထားနု တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ၊ ဦးအေးကျော် ခရိုင်ပါတီ ကော်မတီဝင်၊ ဦးအောင်နိုင်ဦး မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ရပ်/ကျေးဥက္ကဋ္ဌများ စုံညီစွာ တက်ရောက် ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် ညှိနိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဟန်ဝင်းရွှေ(ပေါင်းတည်)