ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်၊ မေ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယမန်နေ့ မေလ ၁၅ ရက်နေ့ ညနေ ၃နာရီခွဲ အချိန်၌ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ဒိုက်ဦးမြို့နယ်ပါတီရုံး ခန်းမ၌ ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံကာ အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားတွင် ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား စုပေါင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ပါတီဥက္ကဋ္ဌမှ အမှာစကား ပြောကြားပြီးနောက် ပါတီဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသူများမှ တောင်သူလယ်သမားများ ရင်ဆိုင်ကြုံတွေ့နေရသည့် အချက်အခဲများ၊ နိုင်ငံတော်သမ္မတ၏ အထူးရံပုံငွေနှင့် လုပ်ဆောင်နေသည့် လူမှုကွန်ယက် စောင်ကြည့်ရေး အဖွဲ့ပေါ် မည်သို့ဆောင်ရွက်မည် ဆို့သည့်အပေါ်၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ပြည်သူများအခက်အခဲ ဒုက္ခရောက် နေသည်ကို ပါတီမှမည်ကဲ့သို့ ဖော်ဆောင်ပေးနိုင်မှုအပေါ် သိရှိလိုကြောင်း မေးမြန်းရာ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းတို့မှ ပြန်လည်ဖြေကြား ခဲ့သည်။

ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းတို့မှ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားပြီးနောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နိဂုံးချုပ်စကား ပြောကြားသည်။ အစီအစဉ်အရ အခမ်းအနားအား ကြွေးကြော်သံများ ဟစ်ကြွေး ကြကာ ရုတ်သိမ်းခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေးနှင့် အတူ ပါတီအထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ဗဟိုအလုပ်မူဆောင်များ ဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ ဗဟိုကော်မတီဝင် များ ဖြစ်ကြသည့် ဒေါက်တာနန္ဒာလှမြင့်နှင့် ပါတီဝင်များ တက်ရောက် ခဲ့ကြသည်။