ထိုင္းဖိုက္တာ ဆက္ဆန္ခြမ္းျမဴနဲ႔စိုးလင္းဦးကို ပြဲတည္ေပးဖို႔ ထိုင္းပရိတ္သတ္မ်ားက ONE ကို ေတာင္းဆို

ဧၿပီ ၄

ၿပိဳင္ဘက္ ေပၚတူဂီနိုင္ငံသားကို အလဲထိုးကာ ပူပူေႏြးေႏြးနိုင္ပြဲရထားသည့္ ျမန္မာ့လက္ေဝွ႕အေက်ာ္အေမာ္ သံမဏိစိုးလင္းဦးႏွင့္ ေမြထိုင္းအေက်ာ္အေမာ္ ဆက္ဆန္ခြမ္းျမဴတို႔ ပြဲတည္ေပးရန္ ထိုင္းနိုင္ငံပရိတ္သတ္မ်ားက ေတာင္းဆိုေနၾကေၾကာင္း သိရပါတယ္။

အသက္(၃၅)ႏွစ္အရြယ္ ထိုင္းဖိုက္တာ ဆက္ဆန္ခြမ္းျမဴသည္ ONE ပြဲစဥ္တစ္ေလၽွာက္ (၈)ပြဲထိုးထားၿပီး ရႈံးပြဲမရွိသည့္စံခ်ိန္ကို ပိုင္ဆိုင္ထားၿပီး၊ စိုးလင္းဦးအေနျဖင့္လည္း (၂)ပြဲထိုး ရႈံးပြဲမရွိ အနိုင္ရရွိထားသူတစ္ဦးျဖစ္ပါတယ္။

ထိုင္းပရိတ္သတ္မ်ားက ပြဲတည္ေပးဖို႔ ခ်က္ထရီကို ေတာင္းဆိုေနၾကၿပီး သံမဏိစိုးလင္းဦးကလည္း ထိုင္းနဲ႔ထိုးတိုင္း ရႈံးပြဲ မရွိသူျဖစ္ေၾကာင္း သိရပါတယ္။

========

ထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူနဲ့စိုးလင်းဦးကို ပွဲတည်ပေးဖို့ ထိုင်းပရိတ်သတ်များက ONE ကို တောင်းဆို

ဧပြီ ၄

ပြိုင်ဘက် ပေါ်တူဂီနိုင်ငံသားကို အလဲထိုးကာ ပူပူနွေးနွေးနိုင်ပွဲရထားသည့် မြန်မာ့လက်ဝှေ့အကျော်အမော် သံမဏိစိုးလင်းဦးနှင့် မွေထိုင်းအကျော်အမော် ဆက်ဆန်ခွမ်းမြူတို့ ပွဲတည်ပေးရန် ထိုင်းနိုင်ငံပရိတ်သတ်များက တောင်းဆိုနေကြကြောင်း သိရပါတယ်။

အသက်(၃၅)နှစ်အရွယ် ထိုင်းဖိုက်တာ ဆက်ဆန်ခွမ်းမြူသည် ONE ပွဲစဉ်တစ်လျှောက် (၈)ပွဲထိုးထားပြီး ရှုံးပွဲမရှိသည့်စံချိန်ကို ပိုင်ဆိုင်ထားပြီး၊ စိုးလင်းဦးအနေဖြင့်လည်း (၂)ပွဲထိုး ရှုံးပွဲမရှိ အနိုင်ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

ထိုင်းပရိတ်သတ်များက ပွဲတည်ပေးဖို့ ချက်ထရီကို တောင်းဆိုနေကြပြီး သံမဏိစိုးလင်းဦးကလည်း ထိုင်းနဲ့ထိုးတိုင်း ရှုံးပွဲ မရှိသူဖြစ်ကြောင်း သိရပါတယ်။