ဒီရာသီေဆာ္ဒီလိဂ္မွာ ၄ ႀကိမ္ေျမာက္အျဖစ္ တစ္လတာအေကာင္းဆုံးဆုရခဲ့တဲ့ စီေရာ္နယ္ဒို

ဧၿပီ ၄

ေဆာ္ဒီပရိုလိဂ္ၿပိဳင္ပြဲ၏ ၂၀၂၄ ခုႏွစ္ မတ္လအတြက္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို အယ္နာ ဆာအသင္းတိုက္စစ္မႉး စီေရာ္နယ္ဒိုက ဆြတ္ခူးရရွိခဲ့ေၾကာင္း သိရပါတယ္။

စီေရာ္နယ္ဒိုသည္ ယခုေဘာလုံးရာသီတြင္ မတ္လအတြက္ တစ္လတာအေကာင္းဆုံးကစားသမားဆုရရွိ ခဲ့ၿပီးေနာက္ ယခုေဘာလုံးရာသီအတြင္း ေလးႀကိမ္ ေျမာက္ရရွိခဲ့ျခင္းျဖစ္ၿပီး ၂၀၂၃ ခုႏွစ္ ၾသဂုတ္လ၊ စက္တင္ဘာလႏွင့္ ဒီဇင္ဘာလတို႔တြင္ ရရွိခဲ့ျခင္း ျဖစ္ပါတယ္။

စီေရာ္နယ္ဒိုသည္ မတ္လအတြင္းကစားခဲ့သည့္ ပြဲစဥ္မ်ားတြင္ အသင္းႏွင့္အတူ အေကာင္းဆုံးေျခစြမ္း ျပနိုင္ခဲ့သည့္အတြက္ အယ္ဟီလယ္အသင္းမွ မီထရိုဗစ္ကို ေက်ာ္ျဖတ္ၿပီး တစ္လတာအေကာင္းဆုံးကစား သမားဆုကို ဆြတ္ခူးနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

တိုက္စစ္မႉး စီေရာ္နယ္ဒိုသည္ ၎၏ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝတြင္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကို ၁၆ ႀကိမ္ေျမာက္အျဖစ္ ရရွိခဲ့ျခင္း ျဖစ္ၿပီး အႀကိမ္ေရအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။

စီေရာ္နယ္ဒိုသည္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို မန္ယူအသင္းႏွင့္ ေျခာက္ႀကိမ္၊ ရီးယဲလ္ မက္ဒရစ္အသင္းႏွင့္ သုံးႀကိမ္၊ ဂ်ဴဗင္တပ္စ္အသင္းႏွင့္ ႏွစ္ႀကိမ္၊ အယ္နာဆာအသင္းႏွင့္ ငါးႀကိမ္ဆြတ္ခူးရရွိထားေၾကာင္း သိရပါတယ္။

==========

ဒီရာသီဆော်ဒီလိဂ်မှာ ၄ ကြိမ်မြောက်အဖြစ် တစ်လတာအကောင်းဆုံးဆုရခဲ့တဲ့ စီရော်နယ်ဒို

ဧပြီ ၄

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ ၂၀၂၄ ခုနှစ် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို အယ်နာ ဆာအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

စီရော်နယ်ဒိုသည် ယခုဘောလုံးရာသီတွင် မတ်လအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုရရှိ ခဲ့ပြီးနောက် ယခုဘောလုံးရာသီအတွင်း လေးကြိမ် မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လ၊ စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

စီရော်နယ်ဒိုသည် မတ်လအတွင်းကစားခဲ့သည့် ပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့သည့်အတွက် အယ်ဟီလယ်အသင်းမှ မီထရိုဗစ်ကို ကျော်ဖြတ်ပြီး တစ်လတာအကောင်းဆုံးကစား သမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင် တစ်လတာအကောင်းဆုံး ကစားသမားဆုကို ၁၆ ကြိမ်မြောက်အဖြစ် ရရှိခဲ့ခြင်း ဖြစ်ပြီး အကြိမ်ရေအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

စီရော်နယ်ဒိုသည် တစ်လတာအကောင်းဆုံးကစားသမားဆုကို မန်ယူအသင်းနှင့် ခြောက်ကြိမ်၊ ရီးယဲလ် မက်ဒရစ်အသင်းနှင့် သုံးကြိမ်၊ ဂျူဗင်တပ်စ်အသင်းနှင့် နှစ်ကြိမ်၊ အယ်နာဆာအသင်းနှင့် ငါးကြိမ်ဆွတ်ခူးရရှိထားကြောင်း သိရပါတယ်။