ဒီပို့တီဗိုတိုက်စစ်မှူး မာတီနက်ဇ်ကို အာဆင်နယ်ခေါ်ယူ

04527527

 အဲဗာတန်အသင်းက ခေါ်ယူရန် ကြိုးစားနေသော ဒီပို့ တီဗိုအသင်းတိုက်စစ်မှူး လူး ကပ်စ်ပီးရက်ဇ်မာတီနက်ဇ်ကို အာဆင်နယ်အသင်းက ကြားဖြတ်ခေါ်ယူ လိုက်ကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြသည်။

လူးကပ်စ်ဟု လူသိများသော တိုက်စစ်မှူးနှင့် အဲဗာတန်က ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အသင်းပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းပေးရန် သဘောတူထား သော်လည်း အာဆင်နယ်က လူးကပ်စ် (၂၇)နှစ်ကို နောက်ဆုံး မိနစ်တွင် ခေါ်ယူလိုက်ကြောင်း ယင်းသတင်းက ဆိုသည်။

လူးကပ်စ်ကို အဲဗာတန် ဘောလုံးညွှန်ကြားရေးမှူး စတိဗ်ဝေါ့ခ်ျက ခေါ်ယူရန် စောင့်ကြည့်ခဲ့သည်မှာကြာပြီဖြစ်ကာ လက်စ တာစီးတီးအသင်းကလည်း ခေါ်ယူရန် ကြိုးစားခဲ့သည်။

စပိန်လက်ရွေးစင် လူး ကပ်စ်သည် ပြီးခဲ့သည့် ရာသီက ဒီပို့တီဗိုအတွက် လာလီဂါသွင်း ဂိုး ၁၇ ဂိုးသွင်းယူခဲ့ပြီး လွန်ခဲ့သောသောကြာနေ့က အယ်လ်ဘာကို ၂-၁ ဂိုး ဖြင့် နိုင်သည့်ပွဲတွင်လည်း အနိုင်ဂိုးကို သွင်းယူခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန် က လက်စတာနှင့် ဂိုးမရှိ သရေကျခဲ့သောကြောင့် အာဆင်နယ် နည်းပြ အာစင်ဝင်းဂါး အနေဖြင့် လာမည့်သီတင်းပတ် အပြောင်းအရွှေ့ ဈေးကွက်မပိတ်မီ တိုက်စစ်မှူးအသစ် တစ်ဦးခေါ်ယူရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။

ထိုအတောအတွင်း ဂါးဒီး ယန်းသတင်းနှင့် ဆန့်ကျင်သော ဖော်ပြမှုအဖြစ် အာဆင်နယ်သည် လူးကပ်စ်ကို ပေါင် ၁၇ သန်းဖြင့် ခေါ်ယူရန် သဘောတူသော်လည်း နှစ်ကြိမ်ခွဲ၍ ငွေပေးချေမည်ဆိုခဲ့၍ အပြီးသတ်သဘောတူရန် အထမမြောက်သေးကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။

(BBC)


Leave a Reply