

=========

ယနေ့ အပူချိန်အခြေအနေများကို အသိပေး ထုတ်ပြန်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ ဧပြီလ (၃) ရက် အတွက် နိုင်ငံတစ်ဝန်းမှ မြို့များ၏ အပူချိန်အခြေအနေများကို အသိပေး ထုတ်ပြန်ထားရာတွင် ရန်ကုန်မြို့၏ အမြင့်ဆုံးအပူချိန်မှာ (၃၉) ဒီဂရီအထိ ရှိနေပြီး မကွေး၊ မန္တလေး၊ မုံရွာ၊ ပဲခူး မြို့တို့၏ အပူချိန်များမှာ (၄၀) ဒီဂရီနှင့် (၄၀) ဒီဂရီအထက်တွင် ရှိနေကြောင်း သိရသည်။
မိုးဇ/လက ထုတ်ပြန်ထားသည့် အပူချိန် အခြေပြဇယားမှ မြို့ကြီးအချို့၏ အမြင့်ဆုံးအပူချိန်နှင့် အနိမ့်ဆုံး အပူချိန် အခြေအနေများကို အများပြည်သူ သိရှိသတိပြုနိုင်ရန် ပြန်လည်ထုတ်နှုတ် အပူချိန် အများဆုံးမှ အနည်းသို့ စီကာဖော်ပြပေးလိုက်ပါသည်။