အမြတ်ကျပ်သိန်း ၁၀၀ မကျော်လျှင် ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြု

တရားဝင်မှတ်ပုံတင်ထားတဲ့ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ ၃ နှစ်ပြည့်တဲ့အထိ လုပ်ငန်းရဲ့ အမြတ်ငွေ ကျပ်သိန်း ၁၀၀ မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနက သိရပါတယ်။ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေအနေနဲ့ သက်ဆိုင်ရာဌာနမှာ မှတ်ပုံတင်ပြီး လုပ်ငန်းစတင် လုပ်ကိုင်တဲ့နှစ် ကနေ သုံးနှစ်အတွင်း အမြတ်ငွေ ကျပ်သိန်း ၁၀၀ ထက် မကျော်ပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ပြုနိုင်တာဖြစ်တယ် လို့ဆိုပါတယ်။ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေကို နည်းပညာတွေ ကူညီပေးတာရှိသလို၊ ကုန်စည်ပြပွဲ ပြိုင်ပွဲတွေမှာလည်း ပါဝင်ဆောင်ရွက်ခွင့်ရှိတယ်လို့ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခုနှစ် စက်တင်ဘာလကုန်အထိ မှတ်ပုံတင်ထားတဲ့ အသေးစားစက်မှုလက်မှု လုပ်ငန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။ popularnews