ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး တိုင်း/ ခရိုင်/ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်၊ အမျိုးသမီးတာဝန်ခံများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်/အမျိုးသမီး တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။

ယင်းတွေ့ဆုံမှုတွင် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး  ပါတီဥက္ကဋ္ဌက တက်ရောက်လာသူများအား အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဖွင့်အမှာစကားပြောကြားရာတွင် “ပထမ ၃ လပတ်ကာလအတွင်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ယင်းလုပ်ငန်းစဉ်များအောင်မြင်စေရေး စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်စေခြင်း၊ ပါတီဝင်များအနေဖြင့် အသွင်သစ်နှင့်ဆက်ဆံရေးဟူသော ညွှန်ကြားချက်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းဖြစ်စေရန် ဆောင်ရွက်စေခြင်း” စသည်တို့ကို အကျယ်တဝံ့ ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ လူငယ်/အမျိုးသမီး​ တာဝန်ခံများက လက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဥ်များနှင့် ​ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဥ်များအား အသေးစိတ် ရှင်းလင်း တင်ပြခဲ့ကြသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက “သုံးလတစ်ကြိမ် စီမံချက်ချမှတ်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အောင်မြင်စွာဆောင်ရွက်ရေး၊ မြေပြင်ကွင်းဆင်းကြပ်မတ်ရေး” “နိုင်ငံတော်အဖွဲ့အစည်းများ၊ မိတ်ဖက်ပါတီများနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်နိုင်ရေး” နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ညနေ ၁၅:၃၀ နာရီအချိန်တွင် အခမ်းအနားရုတ်သိမ်း၍ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာ လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဦးဝင်းမောင်၊ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကျေးအုပ်စုများမှ စည်းရုံးရေးမှူးများ၊ ပါတီလူငယ်ရေးရာ၊ အမျိုးသမီးရေးရာ တာဝန်ခံများ စုစုပေါင်း (၁၈၀)ဦး တက်ရောက်ခဲ့ပါသည်။