ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်းများ၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံ

မန္တလေး၊ အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်း အဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်အချို့တို့နှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၁၆၃၀ အချိန်မှ ညနေ ၁၇၃၀ အချိန်ထိ  မန္တလေးတိုင်းဒေသကြီး ပါတီရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် မန္တလေးတိုင်းအတွင်း လုံခြုံရေးအခြေအနေ၊ အကြမ်းဖက်မှု အခြေအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများအချင်းချင်း ပေါင်းဖက်ဆောင်ရွက်မှု အခြေအနေများအား  သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။