နယ်မြေကွင်းဆင်း၍စည်းရုံးရေးကိစ္စများဆွေးနွေး

တပ်ကုန်း အောက်တိုဘာ ၂၄

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွင်းနီကျေးရွာအုပ်စု  သို့.နယ်မြေ ကွင်းဆင်းပြီး တွင်းနီကျေးရွာအုပ်စု ရပ်ကျေးပါတီကော်မတီများ၊ သံပုရာကုန်းကျေးရွာ အုပ်စုပါတီကော်မတီများ၊ သဖန်းချောင်း ကျေးရွာအုပ်စု ပါတီကော်မတီများနှင့် စုပေါင်းတွေ့ဆုံပြီး ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေနွေးညှိနှိုင်းခဲ့ပါသည်။