ယင်းတော် သံလျင်တောရမင်းကျောင်းဆရာတော်ကြီးအား ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဖူးမြော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် ဇနီးဒေါ်နီနီဝင်း တို့သည် ယခုလ ၄ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ဥက္ကဋ္ဌနှင့် အမှုဆောင်များ လိုက်ပါကာ ယင်းတော်သံလျင်တောရ မင်းကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ကျောင်းတိုက် အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များနှင့် ကျောက် စိမ်းနက်ဆင်းတုတော်၊ စွယ်တော်မြတ်စေတီတို့ကို ဖူးမြော်ကာ ပန်း-ရေချမ်းတို့ ဆက်ကပ်ပူဇော်ကြသည်။

ထို့နောက် ပါတီဦးဆောင်ကော်မတီဝင်နှင့် ဇနီးတို့သည် မင်းကျောင်းဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုများနှင့် ဆွမ်းဆန်တော်စရိတ် နဝကမ္မအလှူငွေတို့ အပြင် ဆရာတော်အသုံးပြုရန် ကုလားထိုင်တို့ကိုလှူဒါန်းခဲ့ပြီး ကျောင်းတိုက်ဓမ္မာရုံ၌ ရမည်းသင်းခရိုင်နှင့် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များကိုတွေ့ဆုံကာ နယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးမှာကြားလျက် ဒေသအရေး ဆောင်ရွက် ရာတွင် ပြည်သူလူထုက မိမိတို့စေတနာကို နားလည်သဘော ပေါက်ပါဝင်လာရေး အလေးထား ဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့သည်။

Union daily


Leave a Reply