လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး အချိုးညီစွာပေါင်းစပ်ပြီး အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုးရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးစား သွားမယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း

 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်လာရင်တော့ လွှတ်တော်ဆိုင်ရာ လုပ်ငန်းတွေ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အစိုးရကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းဆိုတာလည်းရှိပါတယ်။ အတတ်နိုင် ဆုံးဆောင်ရွက်သွားမှာပါ။

လက်ရှိလွှတ်တော်ကတော့ အစိုးရလုပ်ချင်တာတွေ ကို တစ်ဖက်သတ် အတည်ပြုနေတာတွေ တွေ့ရပါတယ်။ ဒါမကောင်းပါဘူး။ ဒီလိုဆက်သွား ရင်တော့ အာဏာရှင်စနစ်နဲ့ မထူးဘူးလို့မြင်ပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့ရင်တော့ ပြည်သူ့အတွက် အထူး ကြိုးစားပါမယ်။ လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးကို အချိုးညီညီပေါင်းစပ်ပြီး အမ်းမြို့နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ကြိုးစားသွားပါမယ်လို့ ရိုးသားစွာ ကတိပြုပါတယ်။

ကျွန်တော်က အမ်းမြို့နယ်သားဖြစ်ပါတယ်။ အမ်းမြို့နယ်မှာမွေး၊ အမ်းမြို့နယ်မှာ ကြီးပြင်းပြီး အမ်းမြို့နယ်မှာ သေမည့်သူဖြစ်ပါတယ်။ ဒါကြောင့် အမ်းမြို့နယ်သား ညီအစ်ကိုမောင်နှမများနဲ့ အစဉ်လက်တွဲပြီး အမ်းမြို့နယ် ရဲ့ အောင်မြင်မှု ပန်းတိုင်ဆီသို့ ချီတက်ကြပါစို့လို့ ပြောပါရစေ။