လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပြည်ကြီးတံခွန် မတ် ၇

၇-၃-၂၀၂၃ ရက်နေ့ ၁၃:၀၀မှ ၁၄:၃၀ အချိန်ထိ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် လုပ်ငန်းညှိနှိင်း အစည်းအဝေးပြုလုပ်ခဲ့ရာ မဟာအောင်မြေခရိုင်ပါတီ ကော်မတီဝင် ဦးစံရ၊ ပြည်ကြီးတံခွန်မြို့နယ် ပါတီဥက္ကဌဦးစိုးအေး၊ အတွင်းရေးမှုးဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးပါတီသို့ ပေးပိုရမည့် ပါတီဝင်များစာရင်း အချိန်မီပြီးစီးအောင်ဝိုင်းဝန်းဆောင်ရွက်ရေး၊ ဒုတိယ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူငယ်များ /အမျိုးသမီးကဏ္ဍလှုပ်ရှားမှုများဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။