မအူပင်ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီများနှင့်တွေ့ဆုံပွဲကျင်းပ

 

မအူပင် အောက်တိုဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးကျင်းပသော ရပ်ကွက်နှင့်ကျေးရွာ အုပ်စုပါတီဝင်များနှင့်တွေ့ဆုံလုပ်ငန်းညှိနှိုင်းစည်းဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး မျိုးဆက်အားမာန်ခန်းမ တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းစည်းဝေးပွဲ၌ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ် ပါတီကော်မတီဝင်များက ပါတီ၏ဆောင်ရွက်မှုများ၊ ဆက်လက်ဆောင် ရွက်မည့်လုပ်ငန်းများနှင့်ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းကိစ္စများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန် နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ဖြိုးမောင်ဇော်(မအူပင်)