လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသောနေအိမ်များကို ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီထောက်ပံ့

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်ခရိုင် ပုဗ္ဗသီရိမြို့နယ်အတွင်း ယခုလ ၁ဝရက် ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၃၈အိမ်တို့ ပြိုလဲပျက်စီးဆုံးရှုံး ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

အဆိုပါပုဗ္ဗသီရိမြို့နယ်အတွင်း ရှိ လေပြင်းတိုက်ခတ်ရာတွင် အိမ် ပြိုလဲခြင်း၊ အိမ်ခေါင်မိုးလန်ခြင်း များဖြစ်ပေါ်ခဲ့ရာ ကျေးရွာများသို့ မေလ (၁၆) ရက် နံနက် ၉နာရီမှစတင်၍ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဝေလွင်၊ နာယကများဖြစ်ကြသော ဦးမှတ်ကြီး၊ ဦခင်မောင်ဌေး တို့နှင့်အတူ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးဌေးဝင်း နှင့် ကော်မတီဝင် များ၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးနှင့် ကော်မတီဝင်များလိုက်ပါ၍ လယ်သာအုပ်စု၊ ဖြုတ်ခွဲအုပ်စု၊ ညောင်လူးအုပ်စုများအတွင်းရှိ ပျက်စီးဆုံးရှုံးသွားသော မိသားစုနေအိမ်များသို့ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင်က သွားရောက်၍ အားပေးစကားပြောကြားပြီး ဆန်၊ဆီနှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါ်ဦး