မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ ရပ်/ကျေး အဆင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ တိုင်းဒေသကြီးနယ်မြေတာဝန်ခံ တက်ရောက် အားပေး

မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ရပ်/ကျေးအဆင့်ပါတီဝင်များ၏ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး ပါတီရုံးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်အားပေးခဲ့သည်။

ပြိုင်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ နှုတ်မှုစွမ်းရည်ပြိုင်ပွဲအား အစီအစဉ်များအတိုင်း ဆက်လက် ကျင်းပခဲ့သည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်နှင့် တိုင်ဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ အောင်မြေသာဇံမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည် မြို့နယ်များ၊ ပြည်ကြီးတံခွန်မြို့နယ်၊အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်းရေးမှူးများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ အကဲဖြတ် ဒိုင်လူကြီးများ၊ ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ရပ်/ကျေးပါတီဝင်များ စုစုပေါင်းအင်အား ၁၅ဝ ခန့် တက်ရောက်ခဲ့ကြသည်။

နှုတ်မှုစွမ်းရည်ပြိုင်ပွဲကြီး၏ ပြိုင်ပွဲများဖြစ်ကြသည့် ကျပန်းစကားပြော ပြိုင်ပွဲ၊ စကားရည်လု ပြိုင်ပွဲနှင့် သီချင်းဆိုပြိုင်ပွဲများအား မန္တလေးခရိုင် အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတို့၏ ပါတီဝင်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

 

သုတ