အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆားချက်တံတား ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေ အိတ်များ လှူဒါန်း

မန္တလေး သြဂုတ်လ

အမရပူရမြို့နယ် ကျန်တန်းရပ်ကွက် ဆားချက်တံတားကွန် ကရစ်လမ်းခင်းရန်အတွက် ယမန်နေ့နံနက် ၉ နာရီခွဲက အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေ အိတ်များအား အဆိုပါတံတားရှိရာသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာသို့ ပါတီပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ မန္တလေးခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ လိုက်ပါကူညီ ဆောင်ရွက်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ အမရပူရမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့သည် ဆားချက် တံတားကွန်ကရစ်ခင်း ကျင်းရန်အတွက် မြို့နယ်ပါတီမှ လှူဒါန်းသော ဘိလပ်မြေ ၂၅ အိတ်အား လမ်းဖြစ် မြောက်ရေးကော်မတီထံ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် အဆိုပါ ရပ်ကွက်မှပါတီအဖွဲ့၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ဝိုင်းဖွဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများအား အပြန်အလှန်ရင်း ရင်းနှီးနှီးဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

သုတ(မန္တလေး)