တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီတွင် ကြားဖြတ် ရွေးချယ်ဖွဲ့စည်းရေး မျက်နှာစုံညီ အစည်းအဝေးကျင်းပရာ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယကများဖြစ်ကြသော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ပြည်ထောင်စုနယ်မြေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် ဒု/စည်းမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား ၁ဝဝခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး သဘာပတိအဖြစ် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဌေးဝင်းက ဆောင်ရွက်ခဲ့ပြီး ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့မှ သတ်မှတ်ရွေးချယ်ထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အမည် စာရင်းအားကြေညာပြီး အစည်းအဝေးတက် ရောက်လာသူများ၏ ဆန္ဒ သဘော ထားများကိုရယူ၍ ရွေးချယ်ဖွဲ့စည်းထားသော အချိန်ပြည့် ကော်မတီဝင် ၁၅ဦး၊ အရန်ကော်မတီ ဝင် ၁၅ ဦးတို့ဖြင့် စုစုပေါင်းတပ် ကုန်းမြို့နယ်ကော်မတီဝင် ၃ဝတို့ အား အတည်ပြုခဲ့ပြီး ရွေးချယ်ခံ ရသော ကော်မတီဝင်များမှလည်း ကတိသစ္စာပြုခြင်းကို ဆောင်ရွက် ခဲ့ကြသည်။

ထို့နောက် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့မှ အသစ်ရွေးချယ် ဖွဲ့စည်း ပေးခဲ့သော မြို့နယ်ကော်မ တီဝင်များအားပါတီ၏မူဝါဒ၊ပါတီ၏ သဘောထားများ၊ ပါတီ၏စည်း မျဉ်းစည်းကမ်းများအား အကျယ် တဝင့်ဆွေးနွေး ရှင်းပြခဲ့ပြီး အစည်းအဝေးအား နံနက် ၁၁နာရီခွဲတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)