စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးနှင့်အဖွဲ့ မျက်စိဝေဒနာရှင်များအား (၁ဝ)ကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲစိတ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်း

 

စက္ခုပါလာဒိဖောင်ဒေးရှင်း (ဟင်္သာတခရိုင်)မှ မျက်စိဝေဒနာရှင်များအား (၁ဝ) ကြိမ်မြောက် ခွဲစိတ်ကုသနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဟင်္သာနေခြည်ဘက်စုံဖွံ့ဖြိုးရေးစင်တာတွင် ယခုလ ၁ဝ ရက်မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို နာယက၊ စက္ခုပါလာဒိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦး၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ မြို့မိမြို့ဖများတက်ရောက်ကြသည်။
ရှေးဦးစွာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးက စက္ခုပါလာဒိဖောင်ဒေးရှင်းအနေနှင့် ဟင်္သာတ ခရိုင်သာမက အခြားဒေသမှလာရောက်ကြသော မျက်စိဝေဒနာရှင်များအား အလင်းရစေရန် နှစ်စဉ်မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့သည်မှာ (၉)ကြိမ်ပြည့်မြောက်၍ ယခုအကြိမ်တွင် (၁ဝ)ကြိမ်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အချိန်နောက်ကျခဲ့သော်လည်း အခမဲ့မျက်စိခွဲစိတ်ကုသမှုအစီအစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့တင်ပြခဲ့ရာ အကူအညီပေးရန်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှလည်း ယခင်နှစ်များကဲ့သို့ ပါဝင်ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဟင်္သာတခရိုင်ဆေးရုံကြီးမှတစ်ဆင့် ဆက်လက်ညှိနှိုင်းဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့အားလုံးသည် ဟင်္သာတအပါအဝင် နယ်မြေအသီးသီးတွင်ရှိကြ သော မျက်စိဝေဒနာရှင်များ ကုသနိုင်ရေးအတွက် မွန်မြတ်သည့်စိတ်စေတနာဖြင့် ဆောင်ရွက်နေ ကြသောသူများဖြစ်ကြသည့်အတွက် နယ်မြေပြည်သူများအကျိုးအတွက် အောင်မြင်အောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်သွားစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ဖောင်ဒေးရှင်းအဖွဲ့ဝင်များမှ (၁ဝ)ကြိမ်မြောက် မျက်စိ ဝေဒနာရှင်အခမဲ့စမ်းသပ်ခွဲစိတ်မည့်အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဌေးဦးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး အစည်းအဝေးအား မွန်းလွဲ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ြေ