ရန်ကုန်နှင့် ပဲခူး ရေဘေးကယ်ဆယ်ရေးပူးပေါင်းဆောင်ရွက်

 

ရန်ကုန် စက်တင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး ရွှေကျင် မြို့နယ်ရေဘေးသင့်ပြည်သူများ အား ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယက ဒေါက်တာ ခင်မောင်ထွန်းနှင့်ဇနီး (ထက်လင်း နှင့် ရွှေခေါင်းပေါင်း) ဆေးတိုက် မိသားစုနှင့်ဒဂုံတောင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်ဥက္ကဋ္ဌများ နှင့် မြို့နယ်လူငယ်အမျိုးသမီးအဖွဲ့ ဝင်များသည် ယမန်နေ့ နံနက် ၁ဝ နာရီက ရွှေကျင်မြို့သို့ရောက်ရှိပြီး ပဲခူးတိုင်းဒေသကြီးတိုင်းပါတီကော် မတီဝင်လူငယ်ရေးရာ တာဝန်ခံ ဒေါ်ခင်ခင်ဝင်း၊ ရွှေကျင်မြို့နယ် ပါတီဥက္ကဋ္ဌဦးဇော်ဝင်းတို့နှင့် ပူး ပေါင်း၍မြို့နယ်ပါတီရုံးတွင်တစ်လ ကျော်ကြာ ရေဘေးရှောင်ပြည်သူ များအိမ်ထောင်စု ၂၇ စု၊ ရှေး ဟောင်း သမိုင်းဝင် ရွှေတောင်ဦး စေတီတော်တွင် ခိုလှုံနေသောအိမ် ထောင်စု ၁၇၂ စု၊ မောင်းရုံရွာ အိမ်ထောင်စု ၄၂ စုတို့အား ဒဂုံ တောင်ပြည်ခိုင်ဖြိုးပါတီမှ ဆီဘူး ၃၅ဝ၊ရေသန့်၃၅ဝ၊ အဝတ်အထည် ၃၅ဝ၊ ဒန်အိုး၎ဝ၊ စတီးဇလုံ ၄ဝ၊ ဇွန်း ၁၅ ဒါဇင်၊ ဆန်ခြောက်အိတ်၊ ခေါက်ဆွဲခြောက် ဖာ ၃ဝ၊ မုန့် ၁ဝ ဖာတို့ကို လှူဒါန်းခဲ့သည်။

ဒေါက်တာခင်မောင်ထွန်းနှင့် ဇနီး(ထက်လင်းနှင့်ရွှေခေါင်းပေါင်း) မိသားစုမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၁ဝဝဝဝ နှင့်ဆေးဝါးများ၊ ခြင်ထောင်အလုံး ၃ဝဝ တို့ကို ရေဘေးသင့်အိမ်ထောင်စု ၂၅ဝ ကျော်အား မိသားစုများရှေ့မှောက် အရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဇော်မင်းထွဏ်း(ဒဂုံတောင်)