တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ကာလအတွင်း ကျေးရွာများသို့ ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ

 

တနင်္သာရီ ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းနိုင်၊ ဘဏ္ဍာရေးမှူး ဦးအောင်နု၊ မြို့နယ်ပါတီ ရုံးအဖွဲ့ဝင်နှင့် ချောင်းငယ်ရပ်ကွက် ပါတီကော်မတီဝင်တို့ လိုက်ပါ၍ ယမန်နေ့နံနက် ၁ဝနာရီခွဲက တနင်္သာရီ မြို့နယ် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာသို့သွား ရောက်ကာ ပါတီကော်မတီဝင်များ နှင့် ပူးပေါင်းပြီး COVID-19 ကာလအတွင်း Home Stay မိသားစုများအား ဆန်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဒေသခံပြည်သူများက ၄င်းရောဂါ ကူးစက်မှုကို မခံရစေရေးအတွက် လူများထူ ထပ်သောပြင်ပ နေရာများသို့ သွားလာမှုမပြုလုပ်ဘဲ ကူးစက်ရောဂါ တိမ်းရှောင်၍ မိမိနေအိမ်၌နေထိုင်ကြသော Home Stay မိသားစု များအားဆန်များကိုသက်သာသော ဈေးနှုန်းဖြင့် အလွယ်တကူဝယ်ယူ စားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်၍ မြိတ်မြို့မှ ဆန်များကိုဝယ်ယူပြီး မော်တော်ယာဉ်ဖြင့် သယ်ဆောင်ကာ ကျွဲထိန်းကုန်းကျေးရွာနေ Home Stay မိသားစုများ အိမ်သို့မောင်းနှင်ကာ ငါးပြည်ဝင် ဆန်တစ်အိတ်ကို ကျပ် ၅၅ဝဝ သက်သာသောဈေးနှုန်းဖြင့် အိမ်တိုင် အရောက်ရောင်းချပေး ခဲ့ကြောင်းသိရသည်။ ထို့ပြင် အသက် ၉ဝ နှစ် အဘွားအို တစ်ဦးအား ငါးပြည်ဝင်ဆန်တစ် အိတ်ကို ထောက်ပံ့လှူဒါန်းပေး ခဲ့ကြောင်း သိရသည်။ ဖြူမျိုး