ထိုင္ဝမ္တြင္ ၂၅ ႏွစ္အတြင္း အျပင္းထန္ဆုံးငလ်င္လႈပ္ခတ္မႈေၾကာင့္ လူ ၄ ဦးေသဆုံး

ဧၿပီ ၃

ထိုင္ဝမ္ကၽြန္းတြင္ ၂၅ ႏွစ္အတြင္း အျပင္းထန္ဆုံး ငလ်င္ လႈပ္ခတ္မႈေၾကာင့္ ၄ ဦးေသဆုံးကာ ၅၀ ေက်ာ္ ဒဏ္ရာရရွိခဲ့ေၾကာင္းသိရသည္။

ျပင္းအား ၇ ဒႆမ ၄ ရစ္ခ်္တာစေကး အဆင့္ရွိသည့္ ငလ်င္သည္ ထိုင္ဝမ္ကၽြန္း ကမ္းရိုးတမ္းေဒသျဖစ္သည့္ Hualien ေဒသတြင္ ေဒသစံေတာ္ခ်ိန္ နံနက္ ၈နာရီဝန္းက်င္တြင္ နီးကပ္စြာ လႈပ္ခတ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ လႈပ္ခတ္မႈေၾကာင့္ အေဆာက္အုံအမ်ားအျပား ပ်က္စီးၿပိဳလဲခဲ့ၿပီး လူအခ်ိဳ႕လည္း အေဆာက္အအုံမ်ားႏွင့္ ဥမင္လွိုဏ္ေခါင္းမ်ားအတြင္း ပိတ္မိေနေၾကာင္း ေဒသတြင္းသတင္းဌာနမ်ားက ေဖာ္ျပသည္။

ျပင္းထန္သည့္ ငလ်င္ဒဏ္ေၾကာင့္ လၽွပ္စစ္မီးႏွင့္ အင္တာနက္မ်ား ျပတ္ေတာက္ေနေၾကာင္း ေဒသအာဏာပိုင္မ်ားကဆိုသည္။

ထိုင္ဝမ္တြင္ ျပင္းထန္သည့္ ငလ်င္လႈပ္ခတ္မႈေၾကာင့္ အိမ္နီးျခင္း ဂ်ပန္နိုင္ငံတြင္ ဆူနာမီသတိေပးခ်က္မ်ားထုတ္ျပန္ထားၿပီး ကမ္းရိုးတန္းေဒသရွိ ျပည္သူမ်ားအား ယာယီ ေဘးလြတ္ရာေရႊ႕ေျပာင္းေနေၾကာင္းသိရသည္။

ထိုင္ဝမ္ကၽြန္းတြင္ ၁၉၉၉ ခုႏွစ္က ရစ္ခ်္တာစေကး ၇.၆ အဆင့္ရွိေသာ ငလ်င္လႈပ္ခတ္ခဲ့ၿပီး လူေပါင္း ၂၄၀၀ ေက်ာ္ေသဆုံးကာ အေဆာက္အဦး ၅၀၀၀ ေက်ာ္ပ်က္စီးခဲ့သည္။

==========

ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး

ဧပြီ ၃

ထိုင်ဝမ်ကျွန်းတွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင် လှုပ်ခတ်မှုကြောင့် ၄ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းအား ၇ ဒဿမ ၄ ရစ်ချ်တာစကေး အဆင့်ရှိသည့် ငလျင်သည် ထိုင်ဝမ်ကျွန်း ကမ်းရိုးတမ်းဒေသဖြစ်သည့် Hualien ဒေသတွင် ဒေသစံတော်ချိန် နံနက် ၈နာရီဝန်းကျင်တွင် နီးကပ်စွာ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လှုပ်ခတ်မှုကြောင့် အဆောက်အုံအများအပြား ပျက်စီးပြိုလဲခဲ့ပြီး လူအချို့လည်း အဆောက်အအုံများနှင့် ဥမင်လှိုဏ်ခေါင်းများအတွင်း ပိတ်မိနေကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်များ ပြတ်တောက်နေကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

ထိုင်ဝမ်တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အိမ်နီးခြင်း ဂျပန်နိုင်ငံတွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများအား ယာယီ ဘေးလွတ်ရာရွှေ့ပြောင်းနေကြောင်းသိရသည်။

ထိုင်ဝမ်ကျွန်းတွင် ၁၉၉၉ ခုနှစ်က ရစ်ချ်တာစကေး ၇.၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၄၀၀ ကျော်သေဆုံးကာ အဆောက်အဦး ၅၀၀၀ ကျော်ပျက်စီးခဲ့သည်။