သုံးစြဲရန္မသင့္ေသာ တိုင္းရင္းေဆးခုနစ္မ်ိဳး က်န္းမာေရးဝန္ႀကီးဌာနထုတ္ျပန္

အြန္လိုင္းမီဒီယာမ်ားတြင္ေရာင္းခ်ေနေသာ တိုင္းရင္းေဆးခုနစ္မ်ိဳးအား အမ်ားျပည္သူသုံးစြဲရန္ မသင့္ေၾကာင္း နစက၏ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။
တိုင္းရင္းေဆးပညာဦးစီးဌာနသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းေသာ တိုင္းရင္းေဆးဝါးမ်ားကို အမ်ားျပည္သူတို႔သုံးစြဲနိုင္ရန္ စဥ္ဆက္မျပတ္ေဆာင္ရြက္လ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။
ယခုအခါ လူမႈကြန္ရက္ႏွင့္ အြန္လိုင္းမီဒီယာမ်ားတြင္ေရာင္းခ်ေနေသာ တိုင္းရင္းေဆးဝါးမ်ားသည္ တိုင္းရင္းေဆးပညာဦးစီးဌာနမွ တိုင္းရင္းေဆးဝါးမွတ္ပုံတင္ႏွင့္ တိုင္းရင္းေဆးဝါးထုတ္လုပ္ခြင့္ လိုင္စင္မ်ားရရွိထားျခင္းမရွိေသာေၾကာင့္ ေဘးအႏၲရာယ္ကင္းရွင္း၍ အာနိသင္ထိေရာက္မႈအတြက္ အာမခံခ်က္မေပးနိုင္ေၾကာင္း ယင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
အဆိုပါ တိုင္းရင္းေဆးမ်ားမွာ B1-ေသြးတြင္း အဆီက်လိမ္းေဆး၊ B2-ေလမျဖတ္ရလိမ္ေဆး၊ B3-ခေရမႏြမ္းလိမ္းေဆး၊ B4-ရင္/တင္ခ်မ္းသာလိမ္းေဆး၊ B5-ၾကည္ရွင္းေတာက္လိမ္းေဆး၊ B7-သရဖူလိမ္းေဆးႏွင့္ B9-သဘာဝလိမ္းေဆးတို႔ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

=======

သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးခုနစ်မျိုး ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

အွန်လိုင်းမီဒီယာများတွင်ရောင်းချနေသော တိုင်းရင်းဆေးခုနစ်မျိုးအား အများပြည်သူသုံးစွဲရန် မသင့်ကြောင်း နစက၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ယခုအခါ လူမှုကွန်ရက်နှင့် အွန်လိုင်းမီဒီယာများတွင်ရောင်းချနေသော တိုင်းရင်းဆေးဝါးများသည် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်များရရှိထားခြင်းမရှိသောကြောင့် ဘေးအန္တရာယ်ကင်းရှင်း၍ အာနိသင်ထိရောက်မှုအတွက် အာမခံချက်မပေးနိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ တိုင်းရင်းဆေးများမှာ B1-သွေးတွင်း အဆီကျလိမ်းဆေး၊ B2-လေမဖြတ်ရလိမ်ဆေး၊ B3-ခရေမနွမ်းလိမ်းဆေး၊ B4-ရင်/တင်ချမ်းသာလိမ်းဆေး၊ B5-ကြည်ရှင်းတောက်လိမ်းဆေး၊ B7-သရဖူလိမ်းဆေးနှင့် B9-သဘာဝလိမ်းဆေးတို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။