ဘိုင္ယန္ျမဴးနစ္နည္းျပသစ္ ျဖစ္လာရန္ ဒီဇယ္ဘီ ေရပန္းအစားဆုံးျဖစ္ေန

ဧၿပီ ၄

ဂ်ာမန္ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္ဟာ ဘရိုက္တန္အသင္းနည္းၿပ ဒီဇယ္ဘီကို လာမယ့္ေႏြရာသီမွာ နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ လီဗာကူဆင္နည္းၿပ အလြန္ဆိုကို ေခၚယူဖို႔ ခ်ိတ္ဆက္ခဲ့ေပမဲ့ အလြန္ဆိုကိုယ္တိုင္က အသင္းေျပာင္းလိုတဲ့ ဆႏၵမရွိတာေၾကာင့္ အဆင္မေျပျဖစ္ခဲ့ပါတယ္။

အီတလီနည္းၿပ ဒီဇာဘီဟာ ဘရိုက္တန္နဲ႔ ၂ ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိေသးေပမဲ့ ကစားသမား အင္းအားျဖည့္တင္းမႈေတြ လုပ္ေဆာင္ေပးျခင္းမရွိဘူးဆိုရင္ အသင္းကေန ထြက္ခြါဖြယ္ရွိေနပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းက ဒီဇာဘီအျပင္ အသင္းနည္းျပေဟာင္း နာဂယ္စ္မန္း၊ ၾသစႀတီးယား နည္းၿပ ရက္ဖ္ရင္းနက္ခ္တို႔ကိုလည္း နည္းျပသစ္လ်ာထားစာရင္းမွာ ထည့္သြင္းထားပါတယ္။

ရလဒ္ ေကာင္းမြန္ေအာင္စြမ္းေဆာင္နိုင္ျခင္းမရွိခဲ့တဲ့ လက္ရွိအသင္းနည္းၿပ ေသာမက္စ္တူဟယ္က ရာသီအကုန္မွာ အသင္းကေန ထြက္ခြါသြားမည္ျဖစ္ပါတယ္။

=======

ဘိုင်ယန်မြူးနစ်နည်းပြသစ် ဖြစ်လာရန် ဒီဇယ်ဘီ ရေပန်းအစားဆုံးဖြစ်နေ

ဧပြီ ၄

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ ဘရိုက်တန်အသင်းနည်းပြ ဒီဇယ်ဘီကို လာမယ့်နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လီဗာကူဆင်နည်းပြ အလွန်ဆိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ အလွန်ဆိုကိုယ်တိုင်က အသင်းပြောင်းလိုတဲ့ ဆန္ဒမရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့ပါတယ်။

အီတလီနည်းပြ ဒီဇာဘီဟာ ဘရိုက်တန်နဲ့ ၂ နှစ်စာချုပ်သက်တမ်းကျန်ရှိသေးပေမဲ့ ကစားသမား အင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ပေးခြင်းမရှိဘူးဆိုရင် အသင်းကနေ ထွက်ခွါဖွယ်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဒီဇာဘီအပြင် အသင်းနည်းပြဟောင်း နာဂယ်စ်မန်း၊ သြစတြီးယား နည်းပြ ရက်ဖ်ရင်းနက်ခ်တို့ကိုလည်း နည်းပြသစ်လျာထားစာရင်းမှာ ထည့်သွင်းထားပါတယ်။

ရလဒ် ကောင်းမွန်အောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ လက်ရှိအသင်းနည်းပြ သောမက်စ်တူဟယ်က ရာသီအကုန်မှာ အသင်းကနေ ထွက်ခွါသွားမည်ဖြစ်ပါတယ်။