လီဗာပူးနဲ့မန်ယူပရိသတ်တွေကို ရုရှားဘောလုံးအဖွဲ့ချုပ်သတိပေး

ရုရှားဘောလုံးအဖွဲ့ချုပ်(FAU)က ရုရှားကိုလာရောက်မယ့်လီဗာပူးနဲ့ မန်ယူပရိသတ်တွေကို အနေအထိုင် မဆင်ခြင်ရင် ထောင်ကျခံရလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ နှစ်သင်းစလုံးဟာ ဒီတစ်ပတ်ချန်ပီယံလိဂ်မှာ ရုရှားကလပ်တွေနဲ့ အဝေးကွင်းတွေ့ဆုံနေပြီး လီဗာပူးကမနက်ဖြန်မှာ စပါးတပ်မော်စကို၊ မန်ယူက နောက်တစ်ရက်မှာ CSKA မော်စကိုတို့နဲ့ ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

ရုရှားဟာ လာမယ့်နှစ်မှအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ကမ္ဘာ့ဖလာပြိုင်ပွဲမှာ လူရမ်းကားပရိသတ်တွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြီး မကြာသေးခင်က ဘောလုံးလူရမ်းကား တိုက်ဖျက်ရေး ဥပဒေကို သမ္မတပူတင်က လက်မှတ်ရေးထိုးထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီင်္အတွက်လည်း ပူတင်က ပြည်တွင်း စုံစမ်းထောက်လှမ်းမှု ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဗလာဒီမီယာမာခင်ကို ရုရှားဘောလုံးအဖွဲ့ချုပ်ထဲမှာ အရေးပါတဲ့ နေရာကို ပေးအပ်ထားပြီးဖြစ်ပါတယ်။

သူက“ဘယ်သု့ကိုမှ ခြိမ်းခြောက်တာတော့ မဟုတ်ပါဘူး။ ဒီကို ရောက်လာမယ့် သူတွေအနေနဲ့ ရမ်းကားမယ် ဆိုရင် မကြာသေးခင်က သမ္မတကြီးလက်မှတ်ထိုးထား တဲ့ဥပဒေက ရုရှားနိုင်ငံသားတွေအတွက်ဘဲ မဟုတ်ဖူးဆိုတာကိုတော့ သတိပေးလိုပါတယ်။ မလိုက်နာဘူး ဆိုရင်တော့သူတို့ဟာ ရုရှားမှာ စိတ်ကျေနပ်ဖွယ် မရှိတဲ့ နေထိုင်မှုမျိုး အချိန်အတိုင်းအတာတစ်ရပ်အထိ ကြုံရပါလိမ့်မယ်”လို့ ပြောသွားပါတယ်။ ရုရှားပရိတ် တွေဟာအရင်ပြိုင်ပွဲကြီးတွေမှာ ပြဿနာရှာမှုနဲ့နာမည် ကျော်ကြားပြီး ယူရို ၂၀၁၆ မှာလည်း အင်္ဂလန်ပရိသတ် တွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

90Minutes