ပုခုံးဒဏ်ရာကြောင့် တရုတ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ ဆီရီနာဝီလျံ နုတ်ထွက်ခဲ့ရ

152165165

ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ် ဆီရီနာဝီလျံဟာ ပုခုံးဒဏ်ရာကြောင့် တရုတ်နိုင်ငံမှာ လာမယ့်တစ်ပတ်အတွင်း ကျင်းပမယ့် ဝူဟန်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ရပါတယ်။

အသက် (၃၄) နှစ်အရွယ် ရှိပြီဖြစ်တဲ့ တင်းနစ်မယ် အတွက်တော့ ဒီဒဏ်ရာက ပြီးခဲ့တဲ့ ဇူလိုင်ကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး သူမရဲ့ ၂၂ ခုမြောက် ဂရင်းဆလင်း ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပါ။

ကမ္ဘာ့အဆင့် (၁) နေရာကို (၁၆၈) ပတ်ကြာ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဆီရီနာဟာ အောက်တိုဘာ (၂၃) စင်ကာပူမှာ ပြုလုပ်မယ့် WTA Finals ပွဲစဉ်တွေ မတိုင်မီ ဒဏ်ရာ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်နေပါတယ်။

လက်ရှိ ကမ္ဘာ့အဆင့် (၂) နေရာမှာ ရပ်တည်နေတဲ့ ဂျာမနီတင်းနစ်မယ် ခါဘာအတွက်တော့ ဆီရီနာဝီလျံ နုတ်ထွက်လိုက်ခြင်းဟာ အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပြီး ဆီရီနာရဲ့ ကမ္ဘာ့အဆင့် (၁) နေရာကို ဖိအားပေးနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်တယ်လို့ BBC က ရေးသားသွားခဲ့ပါတယ်။

# The Voice


Leave a Reply