၂၀၁၇ တစ်နှစ်တာအကောင်းဆုံးဆုများကို အူစိန်ဘော့၊ ဘိုင်းစ်နှင့် လက်စတာအသင်းတို့ရရှိ

အိုလံပစ်အပြေးချန်ပီယံဆု ရှစ်ကြိမ်ရထားသော ဂျမေကာအပြေး ချန်ပီယံအူစိန်ဘော့နှင့် အိုလံပစ်ကျွမ်းဘား ရွှေ တံဆိပ်ဆု လေးကြိမ်ရ ဆီမန်နီဘိုင်းစ်တို့သည် ၂၀၁၆  ၎င်းတို့၏ အောင်မြင်မှုများ အတွက် တစ်နှစ်တာ အကောင်းဆုံး အားကစားသမားနှင့် အားကစားမယ်အဖြစ် ရွေးချယ်ခံရသည်။

 

ပရီးမီးယားလိဂ်ဖလားရရှိခဲ့သော လက်စတာစီးတီးအသင်းလည်း တစ်နှစ်တာအကောင်းဆုံး ဘောလုံးအသင်းဆု ရရှိခဲ့သည်။

မိုနာကိုမြို့တွင် ကျင်းပသော လော်ရီးယပ်စ်ကမ္ဘာ့အားကစား ဆုပေးပွဲ၌  ဗြိတိန်နိုင်ငံသူ ရာချယ်အက်ဘာတွန် သည် တောင်ဆင်းစက်ဘီးစီးပြိုင်ပွဲ အောင်မြင်မှုအတွက် တစ်နှစ်တာ အကောင်းဆုံး စွမ်းဆောင်ရည် အားကစား မယ်ဆု ရရှိခဲ့သည်။

လက်စတာအသင်းသည် ပြီးခဲ့သည့် ရာသီက ၁၀ မှတ်ဖြတ်ပြီး   ပရီးမီးယားလိဂ်ဖလား ရရှိခဲ့သဖြင့် ယင်းဆုကို လက်စတာနည်းပြ ရာနီရေရီနှင့် အသင်းခေါင်းဆောင် ၀က်စ်မော်ဂန်တို့က တက်ရောက်ရယူခဲ့ကြသည်။

ယင်းဆုပေးပွဲတွင် ဆုရရှိသူများနှင့်အတူ အူစိန်ဘော့က ဆယ်လ်ဖီဓာတ်ပုံရိုက်ခဲ့ပြီး ၎င်း သည် ၂၀၁၆ ရီယိုပြိုင်ပွဲ၌ မီတာ ၁၀၀၊ မီတာ ၂၀၀ နှင့် ၄× ၁၀၀ မီတာ လက်ဆင့်ကမ်းပြိုင်ပွဲ တို့တွင် အနိုင်ရကာ ရွှေတံဆိပ် သုံးဆု ရရှိ ခဲ့သည်။

၎င်းသည် စုစုပေါင်းအိုလံပစ်ရွှေတံဆိပ်ဆု ကိုးခုရရှိပြီးဖြစ်သော်လည်း ဂျမေကာအသင်းဖော် နက်စတာကာတာ၌   တားမြစ်ဆေးသုံး စွဲကြောင်း တွေ့ရှိခဲ့သဖြင့်  ရွှေတံဆိပ် တစ်ခု ပြန်ပေးရန် ညွှန်ကြားခံခဲ့ရသည်။

Ref; BBC