၂၀၂၄ ခုႏွစ္ ဂ်ပန္ဘာသာ အရည္အခ်င္းစစ္ စာေမးပြဲ (JLPT) စာေမးပြဲကို ဇူလိုင္ (၇) ရက္တြင္က်င္းပမည္

၂၀၂၄ ခုႏွစ္အတြက္ ဂ်ပန္ဘာသာအရည္အခ်င္းစစ္စာေမးပြဲ (JLPT) ကို ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕၌ ဇူလိုင္ (၇) ရက္တြင္က်င္းပသြားမည္ျဖစ္ေၾကာင္း JLPT စာေမးပြဲက်င္းပေရးေကာ္မတီ ျမန္မာနိုင္ငံ ဂ်ပန္ျပန္ပညာသင္ေဟာင္းအသင္း (MAJA) မွ အသိေပးထုတ္ျပန္ထားသည္။
အဆိုပါ စာေမးပြဲအတြက္ Online မွ ေလၽွာက္လႊာလက္ခံမည့္ လူဦးေရးမွာ Level အားလုံးအလိုက္ ၄၀၀၀၀ လက္ခံသြားမည္ျဖစ္ၿပီး ရန္ကုန္ႏွင့္ မႏၲေလးတြင္ Online System ျဖင့္လက္ခံျခင္းကို N1 ၊ N2 အတြက္ မတ္လ (၆)ရက္၊ (၇)ရက္ႏွင့္ (၁၅) ရက္တို႔တြင္လည္းေကာင္း၊ N3 အတြက္ မတ္လ (၁၁)ရက္ ၊ (၁၂)ရက္ႏွင့္ (၁၅)ရက္တို႔တြင္လည္း‌ေကာင္း၊ N4 အတြက္ မတ္ (၁၃) ရက္၊ (၁၄) ရက္ႏွင့္ (၁၉)ရက္ တို႔တြင္လည္းေကာင္း၊ N5 အတြက္ မတ္ (၇)ရက္ ၊ (၈) ရက္ႏွင့္ (၁၈) ရက္သတ္မွ တ္ထားေၾကာင္း သိရသည္။
စာေမးပြဲေၾကးႏွင့္ ေလၽွာက္လႊာတင္ေၾကးမ်ားမွာ Level N1 ၊Level N2 ၊ Level N3 တို႔အတြက္ ၅၀၀၀၀ က်ပ္စီ ျဖစ္ၿပီး Level N4 ႏွင့္ Level N5 တို႔အတြက္ ၄၅,၀၀၀ က်ပ္စီျဖစ္ ေၾကာင္း သိရသည္။
Online မွ ေလၽွာက္လႊာလက္ခံမည့္ အခ်ိန္မွာ System သို႔ တစ္ၿပိဳင္နက္တည္း ဝင္ေရာက္ျခင္းအား ထိန္းခ်ဳပ္နိုင္ရန္ ေလၽွာက္လႊာလက္ခံမည့္အခ်ိန္အား ႀကိဳတင္အသိေပးမည္ မဟုတ္ဘဲ ေလၽွာက္လႊာလက္ခံကာလအတြင္း မိမိအဆင္ ေျပသည့္ရက္တြင္ Online System သို႔ ဝင္ေရာက္ေလၽွာက္ထားနိုင္ေၾကာင္း သိရသည္။
သင္တန္းေက်ာင္းမ်ားအတြက္ ေရာင္းခ်/လက္ခံျခင္း ႀကိဳတင္စာရင္းေပးသြင္းျခင္းကို Google form မွ တဆင့္ ေဖေဖၚဝါရီ (၁၉) ရက္မွ (၂၃) ရက္အတြင္း ႀကိဳတင္စာရင္းေပးသြင္းရမည္ျဖစ္ကာ သင္တန္းေက်ာင္းတစ္ေက်ာင္းလၽွင္ ေလၽွာက္လႊာအေစာင္ေရအမ်ားဆုံး (၇၀) ေစာင္ႏႈန္းျဖင့္သာ ေရာင္းခ်သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ေက်ာင္းအေရအတြက္ မ်ားျပားလာသျဖင့္ အေရအတြက္ေလ်ာ့ခ် သတ္မွတ္ရျခင္းျဖစ္ၿပီး မိမိတို႔ ေက်ာင္းမွ အမွန္တကယ္ လိုအပ္သည့္ ပမာဏကိုသာ ေလၽွာက္ထားရန္
ေမတၱာရပ္ခံထားသည္။
ေလၽွာက္ထားသည့္ ေက်ာင္းအားလုံးအားခြဲေဝၿပီး ေလၽွာက္လႊာပိုမိုပါက (၇၀) ေစာင္ထက္ ပိုမိုေလၽွာက္ထားေသာ ေက်ာင္းမ်ားအတြက္ အညီအမၽွ ခြဲေဝသတ္မွတ္ၿပီး ေရာင္းခ်ေပးသြားမည္ ျဖစ္ကာ ေလၽွာက္လႊာ အေရာင္းကာလကို ရန္ကုန္စာေျဖဌာနအတြက္ ေဖေဖာ္ဝါရီ (၂၉)ရက္မွ မတ္လ (၂) ရက္ ၊ မႏၲေလးစာေျဖဌာနအတြက္ ေဖေဖာ္ဝါရီ (၂၉) ရက္ မတ္လ (၁) ရက္အထိျဖစ္ေၾကာင္း သိရသည္။
ရွင္သာမေဏ၊ ရဟန္းေတာ္၊ သီလရွင္ ႏွင့္ (၁၀)ႏွစ္ေအာက္ ေျဖဆိုသူမ်ားအတြက္ အတြက္ ေရာင္းခ်/လက္ခံျခင္းကို ေလၽွာက္လႊာအေရာင္းကာလ ႏွင့္ လက္ခံကာလ Level အား လုံးအတြက္ မတ္လ (၄) ရက္မွ (၆) ရက္အထိ သတ္မွတ္ထားေၾကာင္း သိရသည္။

=========

၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) စာမေးပွဲကို ဇူလိုင် (၇) ရက်တွင်ကျင်းပမည်

၂၀၂၄ ခုနှစ်အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ဇူလိုင် (၇) ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စာမေးပွဲအတွက် Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေးမှာ Level အားလုံးအလိုက် ၄၀၀၀၀ လက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် Online System ဖြင့်လက်ခံခြင်းကို N1 ၊ N2 အတွက် မတ်လ (၆)ရက်၊ (၇)ရက်နှင့် (၁၅) ရက်တို့တွင်လည်းကောင်း၊ N3 အတွက် မတ်လ (၁၁)ရက် ၊ (၁၂)ရက်နှင့် (၁၅)ရက်တို့တွင်လည်း‌ကောင်း၊ N4 အတွက် မတ် (၁၃) ရက်၊ (၁၄) ရက်နှင့် (၁၉)ရက် တို့တွင်လည်းကောင်း၊ N5 အတွက် မတ် (၇)ရက် ၊ (၈) ရက်နှင့် (၁၈) ရက်သတ်မှ တ်ထားကြောင်း သိရသည်။
စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးများမှာ Level N1 ၊Level N2 ၊ Level N3 တို့အတွက် ၅၀၀၀၀ ကျပ်စီ ဖြစ်ပြီး Level N4 နှင့် Level N5 တို့အတွက် ၄၅,၀၀၀ ကျပ်စီဖြစ် ကြောင်း သိရသည်။
Online မှ လျှောက်လွှာလက်ခံမည့် အချိန်မှာ System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ဘဲ လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင် ပြေသည့်ရက်တွင် Online System သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှ တဆင့် ဖေဖေါ်ဝါရီ (၁၉) ရက်မှ (၂၃) ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းအရေအတွက် များပြားလာသဖြင့် အရေအတွက်လျော့ချ သတ်မှတ်ရခြင်းဖြစ်ပြီး မိမိတို့ ကျောင်းမှ အမှန်တကယ် လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားရန်
မေတ္တာရပ်ခံထားသည်။
လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမိုပါက (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှ ခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည် ဖြစ်ကာ လျှောက်လွှာ အရောင်းကာလကို ရန်ကုန်စာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉)ရက်မှ မတ်လ (၂) ရက် ၊ မန္တလေးစာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉) ရက် မတ်လ (၁) ရက်အထိဖြစ်ကြောင်း သိရသည်။
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းကို လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ Level အား လုံးအတွက် မတ်လ (၄) ရက်မှ (၆) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။