ရေလွှမ်းမိုးမှုကြောင့် မန္တလေးတွင် အခြေခံပညာ ကျောင်း ၂၀၀ ကျော် ခေတ္တပိတ်

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၂၀၀ ကျော်ကို ပိတ်ထားရပြီး ရေပြန်ကျပါက ကျောင်းသားများအား အချိန်ပိုပြန်လည်သင်ကြားမည်ဟု သတင်း ရရှိသည်။

ဇူလိုင် ၂၈ ရက်မှစ၍ ရေဝင်မှုကြောင့် စာသင်ကျောင်း ၂၁၅ကျောင်းကို ပိတ်ထားခဲ့ရပြီး  နောက်ကျသော ဘာသာရပ်များအတွက် ရေပြန်ကျချိန်တွင် အချိန်ပို ခေါ်ယူ သင်ကြားမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

‘‘ရေကျသွားရင် နောက်ကျသွားတဲ့ သင်ခန်းစာတွေကို ပြန်သင်ဖို့အချိန်ပိုခေါ်မယ်။ စာသင်ကျောင်းတွေကတော့ အခုထိ ရေဝင်နေလို့ ပျက်စီးတဲ့စာရင်းတော့ မရောက်သေးဘူး။ နေ့၊ ည ဂျူတီတွေခွဲပြီး မြို့နယ်ပညာရေးမှူးတွေ ကလည်း သတင်းပေးပို့တာတွေ လုပ်နေပါတယ်။ သြဂုတ် ၂ ရက် နေ့လယ်ပိုင်းကတော့ ရေကကျနေပြီလို့ သိရတယ်’’ ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောသည်။

မတ္တရာမြို့နယ်တွင် ၆၄ ကျောင်း၊ မြင်းခြံမြို့နယ်တွင် ၄၇ ကျောင်း၊ အမရပူရမြို့နယ်တွင် ၃၇ ကျောင်း၊ ပုသိမ်ကြီး မြို့နယ်တွင် ကျောင်း ၂၀  နှင့် ငါန်းဇွန်မြို့နယ်တွင် ကျောင်း ၂၀ ပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရ သည်။

7 Day Daily


Leave a Reply